ဘင်္ဂလားပင်လယ်အော်မှာ ၁၂ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင်
(ရန်ကုန်မှာ မိုးအဆက်မပြတ် ရွာသွန်း၍ ရပ်ကွက်အများအပြား ရေနစ်မြုပ်) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလက ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မိုးအဆက်အပြတ် ရွာသွန်းမည်ဟု အသိပေးထားသည်။ အောက်တိုဘာ ၂၃ တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ကာ အောက်တိုဘာ ၂၄ ရက်တွင် ရခိုင်ပြည်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ တိုးတက်မှုမရှိဟု မင်းအောင်လှိုင် ဝန်ခံ
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည်ဦးမော့လာသော်လည်း အိမ်နီးနားချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောဆိုလိုက်သည်။ ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များပါသော ပြည်ထောင်စုအစည်းအဝေး၌ မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပေမယ့် ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးဘူး” ဟု ပြောသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်နေသည်ဟု မင်းအောင်လှိုင်က ပြောသည်။ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဖိအားပေးခံရပြီး
Video ဖိုင်မြင်တိုင်း အမှန်လို့ မမှတ်ယူပါနဲ့
ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားထဲမှာ ဖန်တီးပြုပြင်ထားတဲ့ ဗီဒီယိုတွေ အများကြီးပျံ့နှံ့နေပါတယ်။ သတင်းမှားနဲ့ လုပ်ကြံသတင်းဖြန့်ဖို့ရည်ရွယ်ချက်နဲ့ ဖြစ်ရပ်မှန်သတင်းအကြောင်းအရာတွေကို အခြေတည်ပြီး အသံတွေ၊ ရုပ်တွေ၊ အကြောင်းအရာတွေကို လိုရာရောနှော ပုံဖျက်ထားတတ်ကြပါတယ်။ ဒါကြောင့် ဗီဒီယိုဖိုင်ပါတိုင်းလည်း ယုံကြည်လို့မရပါဘူး။
ရန်ကုန်တိုင်းမှာ အချုပ်ကျနေသူများကို အမှုကပယ်ဖျက်ပြီး စစ်မှုထမ်းခိုင်း
ရန်ကုန်တိုင်းဒေသမှာ ခိုးဆိုးလုယက် ဒုစရိုက်သမားများနှင့် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများကို စစ်ကောင်စီသည် အမှုကပယ်ဖျက်ပြီး စစ်မှုထမ်းခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယခု အောက်တိုဘာလအတွင်းမှာ စတင်ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အချုပ်သားများကို စစ်သားစုဆောင်းနေခြင်းဖြစ်သည်။ သတင်းရင်းမြစ်က “ရင်ဆိုင်နေရတဲ့ အမှုတွေကို ပယ်ဖျက်ပေးပြီးတော့ တပ်သားသစ်အဖြစ် နိုင်ငံတော်အတွက် စစ်မှုထမ်းခိုင်းတာရှိပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေ အဖြစ်ကနေ အမှုပယ်ဖျက်ပေးတာပါ။ အမျိုးသားတွေ၊ လူငယ်လေးတွေ ပါပါတယ်” ဟု ပြောသည်။ နှစ်ရှည်ထောင်ဒဏ်ကျနိုင်သည့် အချုပ်သားများကို စစ်ကောင်စီက အပြစ်ခံယူမည်လား၊ စစ်မှုထမ်းမည်လား ဟု မေးမြန်းကြောင်းနှင့် အချုပ်သားအများစုက စစ်မှုထမ်းရန် ရွေးချယ်ကြကြောင်း
ပလက်ဝ ဆေးရုံအုပ် ဒေါက်တာ အေးကျော်ကို AA ပြန်လွှတ်ပေး
ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ခေတ္တတာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ် ဒေါက်တာအေးကျော်ကို ULA/AA က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဒေါက်တာအေးကျော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ULA/AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၀ ရက်ခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ” ၉ ရက်နေ့က ဒေါက်တာအေးကျော် ပြန်လည်လွတ်လာပါပြီ။ ခံဝန်နဲ့ ပြန်လာလွတ်လာတာလို့ သိရတယ်။ သူ့ကို ULA/AA က နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရတယ်။ ပြန်လွတ်လာတော့ ဝမ်းသာတာပေါ့။ ဘာကြောင့်ဖမ်းတယ်၊ ဘာတွေမေးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ” ဟု ပြောသည်။ ဒေါက်တာအေးကျော်နှင့် အဆက်အသွယ်ရရန်
စစ်မှုထမ်းတပ်သားသစ် ရာနှင့်ချီ ရခိုင်တိုက်ပွဲကို စစ်ကောင်စီ ပေးပို့
ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော အမ်းမြို့နယ်နှင့် ဂွမြို့နယ်က တိုက်ပွဲများသို့ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် တပ်သားသစ် ရာနှင့်ချီ ပေးပို့ တိုက်ခိုက်နေကြောင်း သိရသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီး၊ ဂွမြို့နယ် ၁၀ မိုင်အကွာ ကြွေချိုင်၊ မောင်တောမြို့စောင့်တပ် နခခ ၅ တပ်စခန်းတို့တွင် စစ်ကောင်စီနှင့် AA နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြသည်။ နပခ အတွက် အရေးပါသော တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ထဲရှိ နပခ ကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီမှာ တပ်သား အသေအပျောက်များနေ၍ စစ်မှုထမ်းဟောင်း ဥပဒေဖြင့် စုဆောင်း
မောင်တောတွင် စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်တစ်ဦး အပါအဝင် ၅ဦး သေဆုံး
ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန် https://t.me/TheWesternNews/15197 ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲမှုကြောင့် ကိုယ်ဝန် ၇ လခန့်ရှိ အမျိုးသမီးတစ်ဦး၊ ၃ လအရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၁ ရက်နေ့ ညဉ့် ၁ နာရီ ၄၄ မိနစ်လောက်က စစ်ကောင်စီတပ်၏ လေကြောင်းက လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်လာသူ ညီမအရင်းနှစ်ဦးအပါအဝင် ၅ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စစ်ကောင်စီတပ်က ညဉ့်အချိန်မှာ ဗုံးလာကြဲတာပါ။ လူတွေ
မြို့အနီးတိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်
ရခိုင်ပြည် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများကြောင့် အမ်းလေဆိပ်မှာ လေယာဉ်အတက်အဆင်း ရပ်တန့်ထားရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ” အမ်းလေဆိပ် အသုံးပြုခွင့်မရတာ ၃ ရက်လောက်ရှိပါပြီ။ နပခ ကို လက်နက်ကြီးကျတာ၊ လေဆိပ်ကို လက်နက်ကြီးကျတာတွေကြောင့် လေယာဉ်တွေ ဆင်းသက်လို့ မရတော့ဘူး။ ရန်ကုန်ဘက်ကို ပြန်လှည့်ပြန်သွားရတယ်။ မနေ့ကဆို မြန်မာ့လေကြောင်း လေယာဉ်တစ်စီးလာတယ်။ ပစ်ခတ်သံတွေကြောင့် မဆင်းရဲဘဲ ပြန်သွားရတယ်။ ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ အမ်းမြို့သိမ်းတိုက်ပွဲကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို
ဘုတလင်၊ စီပါကျေးရွာမှ အရပ်သား ၆ ဦး ကို စစ်ကောင်စီ မီးရှို့သတ်ဖြတ်
ဓါတ်ပုံများကို သွေးလန့်သူများနှင့် နှလုံးရောဂါရှိသူများ မကြည့်ရန်https://t.me/TheWesternNews/15177 စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်လိုက်ပြီး ခြေလက် အင်္ဂါများကို ခြံစည်းရိုးများတွင် ချိတ်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အရပ်သား ၆ဦး၏ ကိုယ်လက် အင်္ဂါများကို ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ထား ဖြစ်ကြောင်းး ဒေသခံများ ကပြောဆိုသည်။ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့
ရေခဲနှင်းဖုံးသည့် ပန်ဝါမြို့ကို KIA သိမ်းပိုက်ထိန်းချုပ်
ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ည ၉ နာရီက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။ ပန်ဝါမြို့ထဲက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ တပ်စခန်းများအားလုံးကို တိုက်ခိုက်ရှင်းလင်းကာ ညနေ ၅ နာရီက KIA ပူးပေါင်းတပ်ဖွဲ့က မြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုထားကြသည်။ ပန်ဝါမြို့ခံတစ်ဦးက “မနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေလည်း အဝတ်အစားတွေလဲပြီး ထွက်ပြေးကြတယ်။ ည ၉ နာရီမှာ ပန်ဝါမြို့ ပတ်ပတ်လည်မှာ