မန္တလေး Grate Wall Hotel မှ ကိုယ်ဝန်ဆောင် ၁ ဦးကို ကယ်ထုတ်၊ ၄ ဦးသေဆုံး တွေ့ရှိ
သတင်း သဘာဝဘေး
1 min read
0

မန္တလေး Grate Wall Hotel မှ ကိုယ်ဝန်ဆောင် ၁ ဦးကို ကယ်ထုတ်၊ ၄ ဦးသေဆုံး တွေ့ရှိ

မတ် ၃၁ - ၂၀၂၅
0

ငလျင်ကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ပြိုကျပျက်စီးခဲ့သော Grate Wall Hotel က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။ သို့သော်လည်း အမျိုးသား ၃ ယောက်နှင့် အမျိုးသမီးတယောက်၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ယနေ့ မတ် ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။ ပိတ်မိနေသူများကို မြန်မာ၊ တရုတ်နှင့် ရုရှား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန အဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေကြောင်း သိရသည်။ စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ

Continue Reading
Sky Villa Condo တောင်ဘက်ခြမ်း ကယ်ဆယ်ရေးရပ်နားပြီး မြောက်ဘက်ခြမ်း ရှာဖွေရေးဆက်လုပ်
သတင်း သဘာဝဘေး
1 min read
0

Sky Villa Condo တောင်ဘက်ခြမ်း ကယ်ဆယ်ရေးရပ်နားပြီး မြောက်ဘက်ခြမ်း ရှာဖွေရေးဆက်လုပ်

မတ် ၃၁ - ၂၀၂၅
0

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးမြို့က Sky Villa Condo မှာ တောင်ဘက်ခြမ်းကို ရှာဖွေကယ်ဆယ်ရေး ရပ်နားလိုက်ပြီး မြောက်ဘက်ခြမ်းကို ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။ Sky Villa ကွန်ဒိုတွင် အပျက်အစီးများအောက် ပိတ်မိနေသူများအားလုံး အသက်ရှင်လျက် မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရပြီဟု တရုတ်ကယ်ဆယ်ရေးအဖွဲ့တွင်ပါ ဝင်လာသည့် အဖွဲ့ဝင်တစ်ဦးက ပြောကြားကြောင်း ပြည်တွင်းမီဒီယာများတွင် သတင်းဖော်ပြထားသည်။ ကွန်ဒို၏ တောင်ဘက်ခြမ်းရှာဖွေမှုကိုသာ ရပ်နားခြင်းဖြစ်ပြီး မြောက်ဘက်ခြမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေသည်ဟု ယင်းနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။ လက်ရှိတွင် မန္တလေးမြို့အတွင်း ပျက်စီးမှုများပြားလွန်းသဖြင့် ကျွမ်းကျင်ကယ်ဆယ်ရေး ဝန်ထမ်းများကို ဖြန့်ကြက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မန္တလေးတွင် ရုရှား၊ အိန္ဒိယ၊ တရုတ်အပါအဝင်

Continue Reading
ငလျင်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် ရခိုင်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် ရခိုင်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေ

မတ် ၃၁ - ၂၀၂၅
0

မြန်မာပြည်အလယ်ပိုင်းမှာ ငလျင်ကပ်ဘေးဆိုက်၍ ပြည်သူများ သောင်းချီဒုက္ခရောက်နေချိန် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်က ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ မတ်လ ၃၀ ရက် ညနေ ၇ နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာကို ဓညဝတီရေတပ်က ဒရုန်းတစ်စီးဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ ညနေ ၇ နာရီကျော်လောက်မှာ ကုလဘာကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ တိုက်ပွဲမရှိဘဲ ဗုံးလာကြဲတာ ဖြစ်ပါတယ်။ အရပ်သားတွေ ထိခိုက်မှု မရှိဘူးလို့တော့ သိရပါတယ်။ ဒါပေမယ့် မြေပြင်နဲ့ ဆက်သွယ်ရ ခက်ခဲတော့ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ တတ်အပ်မပြောနိုင်သေးဘူး” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ကုလဘာကျေးရွာ အနောက်ဘက်ခြမ်းကို

Continue Reading
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် သတင်းလာယူခွင့် စစ်ကောင်စီ ပိတ်ပင်
သတင်း သဘာဝဘေး
0 min read
0

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် သတင်းလာယူခွင့် စစ်ကောင်စီ ပိတ်ပင်

မတ် ၃၁ - ၂၀၂၅
0

ငလျင်ဒဏ်ကြောင့် လူများ ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် နိုင်ငံတကာမှ သတင်းမီဒီယာများ လာရောက် သတင်းရယူခွင့်ကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ကြောင်း မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ အင်အား ၇.၇ ဖြင့် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်အခြေအနေကို နိုင်ငံတကာသတင်းဌာနများက မြန်မာနိုင်ငံတွင်းသို့ လာရောက်ကာ သတင်းရယူခွင့် တောင်းဆိုနေကြခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ပယ်ချလိုက်ခြင်းဖြစ်သည်။ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” နိုင်ငံခြား သတင်းထောက်များ လာဖို့ ခွင့်တောင်းတာ ရှိပါတယ်။ နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင်လည်း ကျနော်တို့ တည်းစရာ၊ နေစရာများ အဆင်မပြေပါဘူးခင်ဗျာ။ ဟိုတယ်တော်တော် များများကလည်း ထိခိုက်ပျက်စီးတာရှိတယ်။ လျှပ်စစ်မီးကလည်း တော်တော်များများ နေရာမှာ

Continue Reading
မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ
သတင်း သဘာဝဘေး
1 min read
0

မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ

မတ် ၃၀ - ၂၀၂၅
0

ငလျင်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု ကလေး သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids school ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်နေကာ သေဆုံးမှုများ မြင့်တက်လာနေသည်။ လက်ရှိတွင် အဆိုပါ ကျောင်းပြိုကျမှုကြောင့် ဆရာမ ၉ ဦးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကာ သေဆုံးမှု အရေအတွက်ကို ဆက်လက် မြင့်တက်လာသည်။ ဒေသခံတစ်ဦးက

Continue Reading
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု

မတ် ၃၀ - ၂၀၂၅
0

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပြုလိုက်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆို၍ ရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားထားသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအတွက် အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် (Free Call) အခမဲ့ ခေါ်ဆိုနိုင်ကြောင်း ဖြေကြား ပြီးချင်းတွင် 009 95 နောက်ကနေ မိမိခေါ်လိုသည့် ဖုန်းနံပတ်ကို ထည့်သွင်းရမည် ဖြစ်သည်။

Continue Reading
ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို ဥရောပသမဂ္ဂ EU က ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂ သန်းခွဲ ကူညီပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံရုံးက ထုတ်ပြန်သည်။ ယခု ထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု အီးယူက ပြောဆိုထားသည်။ ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ ယခု ကူညီထောက်ပံ့မည့် ယူရို နှစ်သန်းခွဲအပါအဝင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှာ

Continue Reading
ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

Western News| မတ် ၂၉ မြန်မာနှင့် ထိုင်းက ငလျင်ဘေးသင့်ပြည်သူများကို အမေရိကန်ဒေါ်လာ ၅ သန်းကူညီပေးမည်ဟု ကုလသမဂ္ဂအဖွဲ့မှက ပြောကြောင်း ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြသည်။ ငလျင်ဘေးသင့်သူများအား ထောက်ပံ့ကူညီရန် မြန်မာနှင့် ထိုင်းကို ကနဦး ဒေါ်လာ ၅ သန်း ခွဲဝေပေးထားသည်ဟု OCHA အကြီးအကဲ ဖလက်ချာက ပြောသည်။ ၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုထားသည်။ ငလျင်ကြောင့် မြန်မာက စစ်ကိုင်း၊ မန္တလေး၊

Continue Reading
“ဝ” အဖွဲ့က ငလျင်သင့်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

“ဝ” အဖွဲ့က ငလျင်သင့်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က နိုင်ငံအနှံ့က ငလျင်ဘေးသင့်ပြည်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်ဟု မတ်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ၇.၇ အဆင့်ရှိသော ငလျင်ကြီးမှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ သေဆုံးမှု အလွန်များပြားကြောင်း သိရသည်။ ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့က ငလျင်ကြောင့် သေဆုံးသူ ၁၀၀၂

Continue Reading
ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ

မတ် ၂၉ - ၂၀၂၅
0

ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး မန္တလေးတိုင်းက သေဆုံးသူ ၆၉၄ ဦးပါဝင်ကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းမီဒီယာများမှ ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီဟု စစ်ကောင်စီက ဆိုသည်။ အင်အားပြင်း ငလျင်မှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးတိုင်း၊ မကွေးတို့တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၀ ကျော်တွင် မန္တလေးတိုင်းက

Continue Reading