ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့

မတ် ၂၉ - ၂၀၂၅
0

ငလျင်ဘေးသင့်သော မြန်မာပြည်သူများအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် တရုတ် မြန်မာသံရုံးက ထုတ်ပြန်သည်။ “မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောခွင့်ရ Mr. Li Ming က ဆိုသည်။ ငလျင်သင့် မြန်မာပြည်သူများအတွက် တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့် အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဟု တရုတ်က ထုတ်ပြန်သည်။ တရုတ်အစိုးရ၏

Continue Reading
ငလျင်ကြောင့် နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သေဆုံး ၇၀ ကျော်အထိ ရှိလာ
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သေဆုံး ၇၀ ကျော်အထိ ရှိလာ

မတ် ၂၈ - ၂၀၂၅
0

ငလျင်ဒဏ်ကြောင့် နေပြည်တော် ပျဉ်းမနားနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတို့ သေဆုံးသူ ၇၀ ကျော် ရှိနေပြီး ဒဏ်ရာ ရရှိသူ ရာနှင့်ချီ ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။ နေပြည်တော် ပျဉ်းမနားတွင် မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀ ကျော်၏ အလောင်းများကို ရရှိထားပြီး လူနာ ၁၃၀ ကျော်ရှိကာ အများအပြား ပိတ်မိနေကြောင်း မိုးစေတနာပရဟိတအသင်း က ပြောသည်။ လက်ရှိတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လက်ရှိအခြေအနေထိ အလောင်း ၄၀ ကျော် ရရှိထားပြီး လူနာ ၁၃၀ ကျော်နှင့် အများအပြား ပိတ်မိနေကြောင်း (ရန်ကုန်) နေပြည်တော် ရုံးခွဲမှ

Continue Reading
ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ပျက်စီးမှု မြင်ကွင်း
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ပျက်စီးမှု မြင်ကွင်း

မတ် ၂၈ - ၂၀၂၅
0

ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်းသိရသည်။ မန္တလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Continue Reading
နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ဟု ပညာရှင်များ သတိပေး
သတင်း သဘာဝဘေး
0 min read
0

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ဟု ပညာရှင်များ သတိပေး

မတ် ၂၈ - ၂၀၂၅
0

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်၍ မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များက သတိပေးသည်။ မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ဗဟိုပြု၍ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ယင်းငလျင် လှုပ်ခတ်နိုင်ကြောင်း သိရသည်။ ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သတိပြု သတိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ကာ နောက်ဆက်တွဲ ရေကြီးနိုင်ကြောင်း ဆိုသည်။ ငလျင်ဘေးနောက်ဆက်တွဲ ဘေးအန္တရာယ်များ၏ လွတ်ကင်းနိုင်ရန်အတွက် ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပါရန် ပညာရှင်များက သတိပေးပြောသည်။

Continue Reading
ဘန်ကောက်တွင် ငလျင်ကြောင့် လုပ်ငန်းခွင့် ပြိုကျပြီး မြန်မာလုပ်သားများအပါဝင် ၄၀ ကျော် ပိတ်မိနေ
သတင်း သဘာဝဘေး
0 min read
0

ဘန်ကောက်တွင် ငလျင်ကြောင့် လုပ်ငန်းခွင့် ပြိုကျပြီး မြန်မာလုပ်သားများအပါဝင် ၄၀ ကျော် ပိတ်မိနေ

မတ် ၂၈ - ၂၀၂၅
0

ယနေ့ အင်အားပြင်း ငလျှင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူးချက် နယ်မြေရှိ အထပ်မြင့်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ မြန်မာရွှေ့ပြောင်း လုပ်သား ၄၃ ဦးပိတ်မိနေကြောင်း သိရသည်။ မတ်လ ၂၈ ရက် ထိုင်းစံတော်ချန် ၁ နာရီ ၃၀ မိနစ်ခန့်က လှုပ်ရှားသွားသည့်ငလျင်ကြောင့် အဆောက်အအုံထဲတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများ အရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုရဲမင်းက ပြောသည်။ ထိုင်း ဒေသတွင်း သတင်းဌာနများ၌ လည်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ သတင်းများဖော်ပြလျက်ရှိပြီး သေဆုံးမှု ထိခိုက်မှုများကို ဖော်ပြထားခြင်း မရှိသေးပေ။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်

Continue Reading
ရခိုင်မှာလည်း ငလျင်လှုပ်ခတ်၊ မြို့နယ်အချို့တွင် ထိခိုက်မှုမရှိဟု သိရ
သတင်း သဘာဝဘေး
1 min read
0

ရခိုင်မှာလည်း ငလျင်လှုပ်ခတ်၊ မြို့နယ်အချို့တွင် ထိခိုက်မှုမရှိဟု သိရ

မတ် ၂၈ - ၂၀၂၅
0

ယနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်မှာ ရခိုင်ပြည်က မြို့နယ်အချို့တွင်လည်း လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၇.၇ အဆင့်ရှိသော အင်အားပြင်း ငလျင်မှာ မြန်မာပြည်အလယ်ပိုင်းကို ဗဟုပြုပြီး လှုပ်ခတ်ခဲ့သလို ထိုင်းနိုင်ငံအနှံ့တွင်လည်း လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်မှာ ရခိုင်ပြည် တောင်ပိုင်း၊ မြောက်ပိုင်းရှိ မြို့အများစုတွင်လည်း လှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု မရှိဟု ဒေသခံများက ပြောသည်။ စစ်ဘေးရှောင်များအား ကူညီနေသူ စာရေးဆရာ ဝေဟင်အောင်က “ရခိုင်ပြည် အတိုင်းအတာအရဆိုရင်တော့ ငလျင်လှုပ်ခတ်ခဲ့တာတော့ ရှိပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းဘက်ကို ဗဟိုပြုပြီးတော့ လှုပ်ခတ်သွားတဲ့အတွက် ကျနော်တို့ဘက်ကို အဖျားခတ်တာလောက်ပဲ ထင်တယ်။ နည်းနည်းလေးတော့

Continue Reading
ဝတ်ပြုနေချိန် ငလျင်ကြောင့် ဗလီပြိုကျ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး
သတင်း သဘာဝဘေး
0 min read
0

ဝတ်ပြုနေချိန် ငလျင်ကြောင့် ဗလီပြိုကျ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

မတ် ၂၈ - ၂၀၂၅
0

မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယနေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က ပြောသည်။ ကူညီကယ်ဆယ်နေသူတစ်ဦးက “ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက်ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက်မနည်းသေသွားပါပြီ။ သေ တဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ပြောသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် ယနေ့ နေ့လယ် ၁၂နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်မှာ အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။

Continue Reading
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ အထင်ကရ မစိုးရိမ်တိုက် ပြိုကျ
သတင်း သဘာဝဘေး
0 min read
0

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ အထင်ကရ မစိုးရိမ်တိုက် ပြိုကျ

မတ် ၂၈ - ၂၀၂၅
0

ယနေ့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ အထင်ကရ မစိုးရိမ်တိုက်ဟောင်း ပြိုကျပျက်စီးနေမှု မြင်ကွင်းအား တွေ့ရခြင်း ဖြစ်သည်။ စစ်ကိုင်းတံတား၊ မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်၊ မြစ်ဆုံဟိုတယ် အပါအဝင် အထပ်မြင့် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ နန်းမြို့ရိုး အပါအဝင် သမိုင်းဘုရားပုထိုးစေတီများပါ ပြိုကျခဲ့သည်။

Continue Reading
ငလျင် လှုပ်ခတ်ရက်များကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း စစ်ကောင်စီ သတ်မှတ်ကြေညာ
သတင်း သဘာဝဘေး
1 min read
0

ငလျင် လှုပ်ခတ်ရက်များကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း စစ်ကောင်စီ သတ်မှတ်ကြေညာ

မတ် ၃ - ၂၀၂၅
0

ငလျင်လှုပ်ခတ်ခဲ့သော မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ ၇ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင် မန္တလေး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ ထိုငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း၊ မကွေး၊ ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်စီး သေဆုံးမှုများပြားပြီး မန္တလေး၊ စစ်ကိုင်း၊

Continue Reading
အပူပိုင်းမုန်တိုင်းကြောင့် ရခိုင် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးများအုံးမည်
မိုးလေဝသ သတင်း
1 min read
93

အပူပိုင်းမုန်တိုင်းကြောင့် ရခိုင် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးများအုံးမည်

စက်တင်ဘာ ၂၀ - ၂၀၂၄
0

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မြေနိမ့်ပိုင်း ရေလွှမ်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ တိုင်းတာချက်များအရ အပူပိုင်းမုန်တိုင်းငယ် Soulik သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေသည်။ ယင်းမှတစ်ဆင့် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ယနေ့အစောပိုင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ယနေ့ညပိုင်း ထိုင်းနိုင်ငံအရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်ဟု ဆိုသည်။

Continue Reading