အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာရသူ စစ်ရှောင်များမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယူအန်အိုချာ (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ ယိုးတရုပ်၊ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းရွာ စသည့် ကျေးရွာများတွင် သောက်သုံးရေရှားပါးနေကာ မသန့်ရှင်းသောရေကို သောက်သုံးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ ကျေးရွာများတွင် မူလနေထိုင်သူ ကျေးရွာသားများအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြားသော ကျေးရွာများမှ လာရောက်ခိုလှုံကြသော စစ်ရှောင်အရေအတွက် များစွာရှိနေကြသည်။ မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ကလေးငယ်များနှင့် အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ယားယံမှုနှင့် ဝမ်းပျက်ဝမ်းလျော့ရောဂါကို ခံစားနေရသည်ဟု သရက်ချိုကျေးရွာသို့ ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင်လာသူ