သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
290

သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်

July 12, 2024
0

စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော သံတွဲမြို့ ငပလီကမ်းခြေရှိ ခလရ (၅၅) တပ်ရင်းအား အာရက္ခတပ်တော် AA က ဇူလိုင် ၉ ရက်နေ့တွင် သိမ်းပိုက် ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ယမန့်နေ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံတွဲမြို့နယ်နှင့် မောင်တောမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။ ယင်းအထဲမှ သံတွဲမြို့နယ်အတွင်း၌ သံတွဲမြို့၊ ငပလီ ကမ်းခြေတွင် အခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်က သိမ်းပိုက်

Continue Reading
သံတွဲ ကျောက်ဆိပ်ရွာ လက်နက်ကြီးကျ ၁ ဦးသေ၊ ငပလီကမ်းခြေက စစ်ရှောင် ၃၀၀ အကူအညီလိုအပ်
စစ်ရေး သတင်း
1 min read
110

သံတွဲ ကျောက်ဆိပ်ရွာ လက်နက်ကြီးကျ ၁ ဦးသေ၊ ငပလီကမ်းခြေက စစ်ရှောင် ၃၀၀ အကူအညီလိုအပ်

July 12, 2024
0

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာက လူနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ညက တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရင်းများမှ ယမ်းသန်းပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ရွာအနီး ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ကောင်စီက နေ့စဉ် အချိန်ပြည့် လေယာဉ်နဲ့ လာဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ ကျေးရွာတွေဆီ လှမ်းပစ်ခတ်လိုက် လုပ်နေတာ။ မနေ့ညက စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး တစ်လုံးဟာ ကျောက်ဆိပ်ရွာက အိမ်တစ်အိမ်ကို တည့်တည့်ကျတာ။

Continue Reading
သံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်
စစ်ရေး သတင်း
1 min read
128

သံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်

July 11, 2024
0

(မျက်လုံးဒဏ်ရာ ပြင်းထန်သော အမျိုးသမီးကို ရန်ကုန်သို့ ပို့ဆောင်) ရခိုင်ပြည် သံတွဲမြို့ပေါ်က ရပ်ကွက်များကို စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ညက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးမှာ အမှတ် ၅ ရပ်ကွက် ညောင်ပင်ဈေးက အောင်မင်္ဂလာလမ်းကို ကျရောက်ခဲ့သည်။ ဒေသခံတစ်ဦးက ” ညောင်ပင်ဈေးက လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိလို့ ပြင်းထန်ဒဏ်ရာ ရရသွားတယ်။ ဇနီးဖြစ်သူ အမျိုးသမီးမှာ မျက်လုံးမှာ တော်တော်လေး ဒဏ်ရာ ပြင်းထန်တယ်။ အဲဒါ ဒီနေ့ ရန်ကုန်မှာ ကုဖို့

Continue Reading
သံတွဲလေဆိပ်နှင့် ငပလီရှိ ခမရ ၅၆၆ တပ်ရင်းကို AA သိမ်းပိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
412

သံတွဲလေဆိပ်နှင့် ငပလီရှိ ခမရ ၅၆၆ တပ်ရင်းကို AA သိမ်းပိုက်

July 7, 2024
0

(အမ်းက တောဟိန်းတောင်ဗျူဟာကိုလည်း AA သိမ်းပိုက်) အပြင်းအထန် ထိုးစစ်ဆင်တိုက်ခဲ့သော သံတွဲမြို့နယ်တွင် သံတွဲလေဆိပ် (မဇင်လေဆိပ်) နှင့်အနီးရှိ ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီဟု သိရသည်။ သံတွဲ ငပလီမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် သံတွဲလေဆိပ်ကို ဇူလိုင်လ ၅ ရက်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု AA က ယနေ့တွင် ထုတ်ပြန်ထားသည်။ သံတွဲမြို့နယ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ နှင့် အခြားသောတပ်ရင်း၊ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ

Continue Reading
တိုက်ပွဲများ ပြင်းထန်နေသည့် သံတွဲတွင် ထောင်ဝန်ထမ်းအချို့ ထွက်ပြေး၊ စစ်ကောင်စီတပ်သားအများအပြားဖြင့် လုံခြုံရေး ချထား
စစ်ရေး သတင်း
1 min read
138

တိုက်ပွဲများ ပြင်းထန်နေသည့် သံတွဲတွင် ထောင်ဝန်ထမ်းအချို့ ထွက်ပြေး၊ စစ်ကောင်စီတပ်သားအများအပြားဖြင့် လုံခြုံရေး ချထား

June 27, 2024
0

ရခိုင်ပြည်၊ သံတွဲ အကျဉ်းထောင်က ထောင်ဝန်ထမ်းအချို့ ယခုရက်ပိုင်းများတွင် ထွက်ပြေးမှုများ ရှိနေပြီး အကျဉ်းထောင်ကို စစ်ကောင်စီတပ်သား အများအပြားဖြင့် လုံခြုံရေးယူထားကြောင်း ထောင်ဝန်ထမ်းများက ပြောသည်။ သံတွဲနှင့် ငပလီမြို့တို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး AA က သံတွဲနှင့် ငပလီကို ဝိုင်းရံပိတ်ဆို့ထားကြောင်း သံတွဲ ဒေသခံများက ပြောသည်။ “ပထမတော့စစ်သား ၂၈ ယောက် ဝင်ပြီး ထောင်ကို ဝိုင်းထားတယ်။ အခုတော့ စစ်သား အယောက် ၄၀ လောက်ရှိမယ်။ အကုန်နေရာယူထားကြတယ်။ ဇွန် ၂၃၊ ၂၄ လောက်ကစပြီး ဒေသခံတွေနဲ့အတူ

Continue Reading
စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ
စစ်ရေး သတင်း
1 min read
197

စစ်ရေးပြင်းထန်မှုကြောင့် သံတွဲမြို့ထဲက ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာ

June 24, 2024
0

ယခုရက်ပိုင်းအတွင်း စစ်ရေးအလွန်ပြင်းထန်နေသည့် သံတွဲမြို့နှင့် ငပလီမြို့ထဲက ပြည်သူများမှာ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီဟု တိမ်းရှောင်သူများအား ကူညီပေးနေသူများက ပြောဆိုကြသည်။ ကူညီပေးနေသူတစ်ဦးက ” ကျနော် ဒီနေ့ သံတွဲမြို့ထဲကနေ ဂွဘက်ကို ထွက်လာတာ။ မြို့ထဲက ထွက်မယ့်သူတွေကို သွားခေါ်တာပေါ့နော်။ သံတွဲမြို့ထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ မြို့က တိတ်ဆိတ်သွားပါပြီ။ ငပလီမြို့လည်း အဲဒီလိုပဲ ကြားပါတယ်။ ” ဟု ပြောသည်။ ငပလီမြို့ထဲက ပြည်သူများနှင့် သံတွဲမြို့ထဲက ပြည်သူများမှာ ဘေးကင်းရာနေရာများ၊ တိုက်ပွဲနှင့်ဝေးရာနေရာများနှင့် ဂွမြို့နယ်ဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူဦးရေ သိန်းချီရှိနေသည်ဟု သိရသည်။ ယမန်နေ့ ဇွန်လ ၂၃

Continue Reading
သံတွဲမြို့စစ်ဘေးရှောင် အခြေအနေ နောက်ဆုံး မေးမြန်းချက်
စစ်ရေး သတင်း
1 min read
395

သံတွဲမြို့စစ်ဘေးရှောင် အခြေအနေ နောက်ဆုံး မေးမြန်းချက်

June 24, 2024
0

Continue Reading
သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ
စစ်ရေး သုံးသပ်ချက်
1 min read
343

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

June 24, 2024
0

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သံတွဲက စစ်ကောင်စီတပ်စခန်းနဲ့ တပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်နေတာ ကြာပြီဖြစ်ပါတယ်။ ငပလီမြို့ထဲက သံတွဲလေဆိပ် (မဇင်လေဆိပ်) နဲ့ ကပ်လျှပ်ရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်နေသလို ဒီနေ့ နံနက်ပိုင်းကမှ သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေ အမျိုးမျိုးတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Western

Continue Reading
သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး
စစ်ရေး သတင်း
1 min read
164

သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး

June 23, 2024
0

ရခိုင်ပြည်၊ သံတွဲမြို့ ဂျိတ္ကတောင် ဘုန်းကြီးကျောင်းအနီး ရွှေကျောင်းပြင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ဇွန် ၂၂ ရက်နေ့ ည ၇နာရီကျော်လောက်အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ ရွှေကျောင်းပြင်ကို လာရောက် ဗုံးကြဲသွားခြင်း ဖြစ်ပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “၇ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ အဲ့ဒီမှာ နေအိမ် လေးလုံးလောက် ပျက်စီးသွားတယ်။ နေရာမှာ နှစ်ယောက်သေတယ်။ ပြီးတော့ နှစ်ယောက် ဒဏ်ရာ ပြင်းထန် ရထားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ နှစ်ယောက်ကိုတော့

Continue Reading
သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
145

သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

June 21, 2024
0

(စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ) ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း

Continue Reading