ဧရာဝတီတိုင်းမှာ ရခိုင်စစ်ရှောင် ၁၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား
ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးထားပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။ “သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်များနှင့်နီးသူတစ်ဦးက တောင်းဆိုထားသည်။ ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို
ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ
ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင်အတွင်း အိုးအိမ်စွန့်ခွာ ခိုလှုံနေကြသော ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြောင်း စုံစမ်းသိရသည်။ ပုသိမ်ခရိုင်ရှိ ရွှေသောင်ယံ၊ ချောင်းသာ စသည့် ဒေသများက စစ်ရှောင်ရခိုင်ပြည်သူများကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။ အမည်မဖော်လိုသည့် ဂွမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အခုလ ၁၄ ရက်နေ့က ရခိုင်တွေအကုန် တစ်ပတ်အတွင်း ပြောင်းပေးရမယ်လို့ပြောတယ်။ အခုလက်ရှိ နေနေတဲ့ နေရာတွေကပေါ့။ ဒါပေမယ့် ရခိုင်ဘက်ကိုတော့သွားလို့မရဘူး။ သွားရင်တာဝန်မယူဘူးဆိုပြီးပြောတယ်။ နောက် ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာတော့ မသွားချင်တဲ့သူတွေနေလို့ ရတယ်လို့ပြောတယ်။