မြောက်ဦး သျှစ်သောင်းဘုရားမှာ ဓါးပြတိုက်ပြီး ဘုရားဂေါပကတစ်ဦး ကို သတ်ဖြတ်သွား
(တရားခံ ထွက်ပြေး လွတ်မြောက်နေ) အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် ရှေးဟောင်း မြောက်ဦးမြို့တော်ရှိ သျှစ်သောင်းဘုရားအတွင်း ဘုရားအလှူငွေများ ဓါးပြတိုက်ခိုက်ခံရစဉ် ဘုရားဂေါပကတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မင်းပြားဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် သျှစ်သောင်းဘုရားက အလှူငွေများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေ့လယ်ပိုင်းတွင် ဓါးပြတိုက်ပြီး တောင်းယူရာမှာ ဘုရားဂေါပက မပေးနိုင်ဟု ငြင်းဆို၍ ဓါးဖြင့် ခုတ်သတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရပြီး သေဆုံးသွားသော ဘုရားဂေါပကမှာ အသက် ၆၀ အရွယ် ဦးအောင်မြင့်ဇော် ဖြစ်ပြီး မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည်။ မြောက်ဦးမြို့ခံတစ်ဦးက “လူလတ်ပိုင်း အမျိုးသားတစ်ဦးဟာ ဓါးရှည်တစ်လက်ကိုင်ဆောင်ပြီး သျှစ်သောင်းဘုရားက အလှူငွေကို ဓါးပြတိုက်ပါတယ်။ ဘုရားဂေါပအဖွဲ့ဝင်