မောင်တောက ဟိန္ဒူကလေးငယ်များ ဝမ်းရောဂါဖြင့် သေဆုံးမှု များနေ
(ရုပ်အလောင်းများကို မီးသင်္ဂြိုလ်ခွင့် စစ်ကောင်စီတပ်သားများက တားဆီး) တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်က ဟိန္ဒူကျေးရွာများတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ရုပ်အလောင်းများကို သင်္ဂြိုလ်ခွင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်နေကြောင်း သိရသည်။ အောင်ဗလကျေးရွာ အောင်ဗလကယ်ဆယ်ရေးစခန်းမှ စွန့်ခွာလာသော ဟိန္ဒူမိသားစု ၁၀၀ ကျော်မှာ မောင်တောမြို့ထဲ ရပ်ကွက် ၃ ရှိ အမှတ် (၃) အခြေခံမူလတန်းလွန်ကျောင်းတွင် စစ်ရှောင်နေကြောင်း သိရသည်။ ယင်းအထဲမှ ကလေးငယ်များမှာ ဝမ်းရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ထမင်းလည်း နပ်မှန် မစားရဟု ဟိန္ဒူအမျိုးသားတစ်ဦးက Western News ကို ပြောသည်။ ” ကလေးတွေက ဝမ်းသွားတယ်။ အန်တယ်။ ဝမ်းပျက်ဝမ်းလျော့ကြောင့်