စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ
စစ်ရေး သတင်း
1 min read
0

စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

(လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေ) အကျဉ်းသား၊ အကျဉ်းသူ ၁၁၀၀ ကျော်ရှိသော စစ်တွေ အကျဉ်းထောင်တွင် စစ်ကောင်စီက စစ်မှုထမ်း ခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကျဉ်းသားများနှင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။ စစ်တွေ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားများ အမှုကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက စာရင်းကောက်ယူမှုများရှိနေကြောင်း Western News က စုံစမ်း သိရသည်။ စစ်တွေထောင်တွင် အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အကျဉ်းသားများ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှု ရှိကြောင်း မကြာသေးခင်က စစ်တွေမြို့နယ်သို့ ရုံးထုတ်လာသည့် တရားရင်ဆိုင်နေသူများက ပြောပြသည်။ “ရဲပြေး၊ စစ်ပြေးနဲ့

Continue Reading
စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အားလုံးနီးပါး အရေပြား ရောဂါ ခံစားနေရ
သတင်း
1 min read
0

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အားလုံးနီးပါး အရေပြား ရောဂါ ခံစားနေရ

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

(အကျဉ်းထောင်အတွင်း မည်သည့်ရောဂါမဆို ဆေးတစ်မျိုးပေးသည်) စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့အကျဉ်းထောင်တွင် အမျိုးသမီးအပါအဝင် အကျဉ်းသားအားလုံးနီးပါး ခန္ဓာကိုယ်ယားယံသည့် အရေပြားရောဂါ ဝေဒေနာ ခံစားနေရကြောင်း အကျဉ်းသားများကိုယ်တိုင် Western News ကို ပြောသည်။ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော အကျဉ်းသားအချို့နှင့် Western News တို့ တိုက်ရိုက်အဆက်အသွယ်ရချိန် အကျဉ်းသားများက ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်တွေအကျဉ်းထောင်ထဲတွင် ကျန်းမာရေးဆိုးဝါးမှုနှင့် အစားအသောက် ဆိုးဝါးသည့် အခြေအနေများကို အကျဉ်းသားများ ရုံးထုတ်လာချိန်တွင် Western News ကို ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ လုံခြုံရေးအခြေအနေအရ အချိန်၊ ရက်နှင့် ပြောပြသူများကို Western News အနေဖြင့် ဖော်ထုတ်ရေးသားခွင့် မရရှိပေ။ “ထောင်ထဲမှာ

Continue Reading
ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ
လူ့အခွင့်အရေး သတင်း
1 min read
0

ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံလိုက်ရသည့် ရခိုင်ပြည် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ပြောင်းရွေ့ခံရသည့် အကျဉ်းသားများမှာ အကျဉ်းထောင်မှကျွေးသည်လောက်နှင့်သာ စားရသည့်အတွက် တစ်ခြားလိုအပ်ချက်များနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အားကိုးစရာမရှိဘဲ ဖြစ်နေရသည်ဟု ပြောင်းရွေ့ခံ အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျမ ရန်ကုန်မှာရှိနေတော့ ပုသိမ်ဘက်ကိုကူးပြီး အစ်ကိုဖြစ်သူကို ထောင်ဝင်စာသွားတွေ့ခဲ့တော့ အခြေနေတွေသိခဲ့ရတာပါ။ အကျဉ်းသားတစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးဟာ လိုအပ်တယ်ပေါ့နော်။ ကျမလည်း ကျမဝင်ငွေလေးနဲ့ ပုသိမ်နဲ့ရန်ကုန်ကို အကူးအပြောင်းအမြဲမလုပ်နိုင်ဘူး။ အခုထောင်ဝင်စာတွေ့နိုင်ဖို့ အခွင့်အရေးကမရှိတော့ သူတို့တွေအတွက် အစားအသောက်၊ ကျန်းမာရေးအပါဝင် တစ်ကိုယ်ရည်လိုအပ်ချက်တွေမှာ အခက်ခဲရှိကြတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။

Continue Reading