ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြ
စစ်ရေး နိုင်ငံရေး သတင်း
1 min read
72

ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြ

September 16, 2024
0

ရခိုင်ပြည်ထဲက မြို့နယ်အချို့နှင့် ကျေးလက်ဒေသအများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်မှုရှိနေဆဲဖြစ်သည်။ လတ်တလော ဖုန်းလိုင်းများပြတ်တောက်မှုရှိနေဆဲဖြစ်သည့် ဒေသများမှာ မြောက်ဦးက ရပ်ကွက်အချို့နှင့် ကျေးရွာများ၊ မင်းပြားမြို့၊ ကျောက်တော်မြို့နယ်မှ ပီချောင်းနှင့် တစ်ခြားကျေးလက်ဒေသတချို့၊ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးနီးပါး၊ စစ်တွေမြို့နယ်မှ ကျေးရွာအချို့၊ ရသေ့တောင်မြို့နယ်တစ်ခုလုံး၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်၊ သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်မှ ကျေးလက်ဒေသအချို့ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်လည်း အပါအဝင်ဖြစ်သည်။ ဖုန်းလိုင်းနှင့် အင်တာနက် မရခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၊ ပြည်မက ရေကြီးရေလျှံသတင်းများကို မသိရကြောင်း မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းဒေသခံတစ်ဦးက ပြောသည်။ ” မုန်တိုင်းရှိတယ်၊ ရေကြီးမယ်ဆိုတဲ့ သတင်း လုံးဝ မသိရဘူး။ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်ကလည်းမရ၊ ဒီမှာ မိုးကတော့ တအားရွာတယ်။ ဒီနေ့တော့

Continue Reading
VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို
သတင်း
1 min read
90

VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

August 21, 2024
0

ပြည်သူများ လူမှုကွန်ရက် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသော VPN ဆော့ဝဲလ်ကို စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီထံ စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြသည်။ မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြထားကြောင်း ကုန်သည်နှင့်စက်မှု အသင်းချုပ် UMFCCI မှ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်၊ တယ်လီဂရမ်၊ ဆင်ဂနယ် စသော လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုခွင့်ပိတ်ပင်ထားပြီး အသုံးပြုသူများက VPN ဆော့ဝဲလ်များခံကာ ကျော်လွှားအသုံးပြုနေရသည်။ ဆက်လက်ပြီး စစ်ကောင်စီက VPN

Continue Reading