အမ်း နပခ ကျလျှင် ရခိုင်မှာ အာဏာချိန်ခွင်လျှာ ပြောင်းနိုင်သလား
ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုနှစ်ရှိသည့်အနက် ၁၀ မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝမြို့နှင့်ဆို ၁၁ မြို့အထိ သိမ်းထားပြီဖြစ်သည်။ သို့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိသည့် အမ်းမြို့၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့် မြို့တော်စစ်တွေ၊ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် ရှိသည့် တောင်ကုတ်မြို့ စသဖြင့် မြို့တော်ကြီးများကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းအပြင် မာန်အောင်၊ ဂွ၊ မောင်တော ဒေသများမှာလည်း စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီရှိနေဆဲဖြစ်သည်။ လက်ရှိ အမ်း၊ မောင်တော၊ ဂွနှင့် တောင်ကုတ်
ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်ထဲက ကောက်နုတ်ချက်အချို့ အာရက္ခတပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာန တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအစီအစဉ်မှာ ဘူးသီးတောင်၊ မောင်တောသည် ရခိုင်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး အင်္ဂါဂြိုဟ်က လာပြောလျှင်လည်း သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေက ရခိုင်ပြည် မောင်တောမြို့ နတ်မြစ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စစ်ရှောင်ရန် စောင့်ဆိုင်းနေသည့် မွတ်ဆလင် လူအုပ်ကို အာရက္ခတပ်တော် AA က ဒရုန်းနှင့်ပစ်ခတ်သည်ဟု ဖြစ်စဉ်ထဲပါ မွတ်ဆလင်အချို့နှင့် ပြည်ပရောက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူအချို့က စွပ်စွဲပြောဆိုထားကြသည်။ အဆိုပါစွပ်စွဲပြောဆိုချက်များကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလို တုန့်ပြန်ပြောဆိုထားသည်။ “တကယ်လို့များဗျာ၊ ကျနော်တို့က