စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
သတင်း
1 min read
808

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

April 2, 2024
0

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။  အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။  အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။

Continue Reading