ငလျင်ဘေး ကူညီမည်ဟု အမေရိကန် သမ္မတပြော
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားသည့် မြန်မာနိုင်ငံကို အကူအညီပေးသွားမည်ဟု အိမ်ဖြူတော် တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ယောက်၏ မေးမြန်းမှုကို သမ္မတက ဖြေကြားသွားခဲ့ခြင်းဖြစ်ပြီး ကူညီရန်အတွက် တာဝန်ရှိသူများနှင့် စကားပြောနေကြောင်း ၎င်းက ဆိုသည်။ အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ။ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီးပြီ ဖြစ်တယ်”ဟုပြောသည်။ အကူအညီပေးများ ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောဆိုပြီး ဟု သမ္မတ ထရန့်က ပြောဆိုခဲ့သော်လည်း မည်သူနှင့်ပြောဆိုခဲ့သည် မည်သည့်ပုံစံဖြင့် အကူအညီပေးမည်ဆိုသည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေး မတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁၂
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး တွေ့ဆုံမှု ရခိုင်အရေး ထည့်ပြော
ဘင်္ဂလားဒေ့ရှ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Joel Vowell သည် ဘင်္ဂလားဒေ့ရှ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် တွေ့ဆုံရာတွင် ရခိုင့်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်တပ်က အရာရှိများနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကူညီပေးမည်ဟု ပြောဆိုသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်အရေးကို ဆွေးနွေးခဲ့သလို နယ်စပ်လုံခြုံရေးကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများက ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့်အတွက် AA ၏ စစ်ရေးအခြေအနေများကိုလည်း
ထရမ့်အမိန့်ဖြင့် အမေရိကန် ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနှစ်ဦးကို စစ်ကောင်စီ လက်ခံ
သမ္မတ ထရမ့် အမိန့်ဖြင့် အမေရိကန်နိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနိုင်ငံသား နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက လက်ခံကြောင်း မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သည်။ အမေရိကန်အစိုးရသစ်၏ မူဝါဒအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိရာ မြန်မာများလည်း ပါဝင်နေသည်။ ပထမဆုံး အသုတ်အနေဖြင့် ပြည်နှင်ခံရသော မြန်မာနှစ်ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု စစ်ကောင်စီက ဆိုသည်။ ရာဇဝတ်မှုများ ကျူးလွန်သော ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရ အဆက်ဆက်က မကြာခဏဆိုသလို မူရင်း မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မှုများရှိကြောင်း သိရသည်။ အမေရိကန်ရောက်
ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း
ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။ သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။ အိမ်ဖြူတော် အရာရှိက
အစိမ်းရောင်ကတ်ကဲ့သို့ အခွင့်အရေးရမည့် “ရွှေကတ်” ကို နိုင်ငံခြားသားများအတွက် ဒေါ်လာ ၅ သန်းနှင့် ရောင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော
အမေရိကန်တွင် နေထိုင်လိုသည့် ချမ်းသာသော နိုင်ငံခြားသားများအတွက် အစိမ်းရောင်ကတ် ကဲ့သို့ အခွင့်အရေးရမည့် “ရွှေရောင်ကတ်” ကို အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ရောင်းပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ နိုင်ငံခြားသားများအတွက် ရွှေရောင်ကတ် ရောင်းမည်ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်ပြီး ၎င်းတို့သည့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းရှိကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ “ကျွန်ုပ်တို့ ရွှေကဒ်ရောင်းတော့မယ်။ ရွှေရောင်ကတ်ဟာ အစိမ်းရောင်ကတ်ပါပဲ။ ရွှေရောင်ကတ် ဝယ်ထားတဲ့သူဟာ နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းတစ်ခုဖြစ်လာမယ်။ ချမ်းသာတဲ့သူတွေက ဒီကတ်ကို ဝယ်ပြီး ငါတို့နိုင်ငံထဲကို ဝင်လာလိမ့်မယ်” ဟု ဘဲဥပုံရုံးမှ ထရမ့်က ပြောကြားခဲ့သည်။ လက်ရှိတွင် ဒေါ်နယ်ထရမ့်သည်
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့အရေးယူ
(ထရမ့်လုပ်ရပ်သည် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို သစ္စာဖောက်ခြင်းဟု Amnesty International ပြော) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် လက်မှတ်ရေးထိုးထားသည်။ ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးဝန်ကြီးချုပ်အား ဖမ်းဝရမ်းထုတ်ခဲ့သည့် အကြောင်းပြချက်ဖြင့် ICC ကို ဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ICC ၏ အရာရှိများကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများနှင့် မဟာမိတ်များအပေါ်ကိုလည်း ၎င်းတို့၏ မိသားစုဝင်များကိုပါ ဗီဇာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် လုပ်ရပ်သည် နိုင်ငံတကာ
အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ
အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First”
မြန်မာပညာတော်သင်ဆု ဒေါ် လာ ၄၅ သန်းကို ထရမ့်အစိုးရ ပြန်ရုပ်သိမ်းနိုင်
မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်အစိုးရက ပေးထားသော ပညာတော်သင်ဆု ထောက်ပံ့ကြေး ဒေါ်လာ ၄၅ သန်းကို ထရမ့်အစိုးရလက်ထက် ပြန်ရုပ်သိမ်းနိုင်ခြေရှိကြောင်း သိရသည်။ မြန်မာကျောင်းသားများ၏ ပညာတော်သင်ဆု ထောက်ပံ့ငွေများကို ပြန်လည်ရုပ်သိမ်းနိုင်ရန် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်ခန့်အပ်သော အီလွန်မက်စ် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များပြန်လည်စိစစ်ရေးဌာနက သုံးသပ်တင်ပြထားကြောင်း သိရသည်။ သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရက မြန်မာကျောင်းသား/ကျောင်း သူများအတွက် “Diversity and Inclusion” ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်း သုံးစွဲရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုခွင့်ပြုထားခဲ့သည်။ သို့သော်လည်း ထရမ့်အစိုးရ အီလွန်မက်စ် ဦးဆောင်သောအဖွဲ့က မြန်မာ့ကျောင်းသားများအတွင် ပညာတော်သင်ဆု ထောက်ပံ့ငွေ ပေးသင့်မပေးသင့် ပြန်လည်စိစစ်သုံးသပ်နေခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော
(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည်