အမ်းမြို့ထဲမှာ အရပ်သား ၃,၀၀၀ ကျော် ပိတ်မိနေ
နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် အမ်းမြို့ထဲမှာ နောက်ဆုံးသတင်းအချက်အလက်အရ ပိတ်မိနေသော အရပ်သားပြည်သူ ၃,၀၀၀ ကျော်ရှိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့်လက စာအရင်းအရ အမ်းမြို့ထဲမှာ အရပ်သား ၁,၀၀၀ ကျော် ပိတ်မိနေကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးသတင်းအရ ပိတ်မိနေသူ ၃,၀၀၀ ကျော်ရှိကြောင်း အခိုင်အမာပြောဆိုကြသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့ထဲမှာ ပိတ်နေတဲ့ အရပ်သား ၃၀၀၀ ကျော်ရှိမယ်ထင်ပါတယ်။ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်း၊ လေယာဉ်ကွင်းမှာ ပိတ်မိနေတဲ့ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ရပ်ကွက် ၁, ရပ်ကွက် ၂, ရပ်ကွက် ၃ နဲ့ အောက်ရွာဘက်တွေ မှာ
AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ် လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA က အာပီဂျီအပါအဝင် ရှော့တိုက်ဒုံး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “နပခကို ၁၀ လုံးထက်မနည်း ပစ်ပါတယ်။ အဲ့ဒီမှာ တစ်လုံးက
အမ်းတိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။ မဲတောင်ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု Western News ကို ပြောသည်။ “မဲတောင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်၊ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့
စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်
မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟု သိရသည်။ ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ မနက် အာရုံလောက်မှာလို့တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု
အမ်းက စစ်ကောင်စီ တောဟိန်းတောင်ဗျူဟာကို AA က ထိုးစစ်ဆင်တိုက်ခိုက်
ရခိုင်ပြည် အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကို ယခုရက်ပိုင်းအတွင်းကစ၍ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။ ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများကို AA က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ စခန်းကြီးကို တိုက်ခိုက်နေသည့်နည်းတူ အခြားသောစခန်းငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်းလည်း AA က ဆိုသည်။ အမ်းဒေသခံတစ်ဦးက ” AA က အမ်းမှာ တိုက်ပွဲဖော်နေတာဟာ မတ်လ ၂၄ ရက်နေ့က စပြီးဖော်နေတာလို့ ပြောလို့ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ စခန်းတွေ သိမ်းပိုက်နိုင်ရေးကို အဓိက လှုပ်ရှားနေတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့
အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။ အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA