အမ်းမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ
စစ်ရေး ဒုက္ခသည်အရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

(စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ) ရခိုင်ပြည် အမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ကောက်ယူထားခြင်းဖြစ်ကြောင်း HDCO ကဆိုသည်။ သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။ အမ်းမြို့နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA

Continue Reading
AA တပ်မွေးနေ့မှာ လက်နက်ကြီးပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်းကို ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

AA တပ်မွေးနေ့မှာ လက်နက်ကြီးပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်းကို ဖမ်းဆီး

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

(AA ကို သရော်လှောင်ပြောင်ခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း အမ်းတိုက်ပွဲတွင် သေဆုံး) အာရက္ခတပ်တော် AA ၏ ၁၅ နှစ်ပြည့် တပ်မွေးနေ့မှာ လက်နက်ကြီးကျည်ပေါ် “AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု စာရေးပြီး ဟောင်ဝစ်ဇာအမြောက်ဖြင့် ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့သော စစ်ကောင်စီ၏ တပ်ကြပ်ကြီး မျိုးမင်းထွန်းကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း သိရသည်။ တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် ရခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အမြောက်တပ်ရင်း အမှတ် ၃၇၄ က တပ်ကြပ်ကြီးဖြစ်သည်။ မျိုးမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် အာရက္ခတပ်တော် AA ၏

Continue Reading
နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။ “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

Continue Reading
အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး (ဓါတ်ပုံသတင်း)
စစ်ရေး သတင်း
1 min read
0

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး (ဓါတ်ပုံသတင်း)

ဒီဇင်ဘာ ၁၈ - ၂၀၂၄
0

မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း

Continue Reading
စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်
စီးပွားရေး သတင်း
1 min read
0

စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်

ဒီဇင်ဘာ ၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်”

Continue Reading
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်

ဒီဇင်ဘာ ၇ - ၂၀၂၄
0

(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)

Continue Reading
ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ
စစ်ရေး သတင်း
1 min read
0

ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

(စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၄ ဦးသေဆုံး) ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ မြို့အနီး ၅ မိုင်ပတ်လည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “ဆပ်သွား၊ ကမ်းသာယာ၊ လောင်းကျိုး၊ ဇီးခုံ စတဲ့ နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဂွမြို့နဲ့ သိပ်မတော့ဘူး။ ၅ မိုင်ပတ်လည်အတွင်းမှာ ဖြစ်နေကြတာ။ စစ်ကောင်စီဖက်ကလည်း ဧရာဝတီဘက်ကနေ ဂွမြို့ကို အင်အားတအားကို ဖြည့်ပေးနေတာ။ လေကြောင်းပစ်ကူလည်း အဆက်မပြတ်ပါပဲ” ဟု ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဂွမြို့နယ်မှာ အပြစ်မဲ့အရပ်သား ၁၄ ဦးအထိ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

Continue Reading
ရခိုင် အမ်းဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို PRA ကြားဖြတ်တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ရခိုင် အမ်းဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို PRA ကြားဖြတ်တိုက်ခိုက်

နိုဝင်ဘာ ၂၁ - ၂၀၂၄
0

(စစ်တပ်ဖက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရဟုဆို) မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း

Continue Reading
အမ်းတိုက်ပွဲ စစ်ကောင်စီ စစ်စခန်းအချို့ သိမ်းပိုက်ရရှိထားကြောင်း AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲ စစ်ကောင်စီ စစ်စခန်းအချို့ သိမ်းပိုက်ရရှိထားကြောင်း AA ထုတ်ပြန်

နိုဝင်ဘာ ၁၄ - ၂၀၂၄
0

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က သတင်းထုတ်ပြန်ထားသည်။ အမ်းမြို့ထဲက သိမ်းပိုက်ရရှိထားသော စခန်းများမှာ – ၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့ ကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် –

Continue Reading
တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်

နိုဝင်ဘာ ၆ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု

Continue Reading