ရခိုင်က Single Mother များ ကျပ်တည်းမှုကို ရင်ဆိုင်နေရ
ရခိုင်ပြည်အတွင်း စစ်မီးတောက်များနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိသဖြင့် တကိုယ်တည်းရုန်းကန်နေရေသော Single Mother များ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရကြောင်း စုံစမ်းသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေသော မင်းပြားဒေသခံ သားသမီး ၃ ဦးမိခင် အသက် ၄၀ အရွယ် Single Mother မျိုးသမီးတစ်ဦးက ပုံမှန်ဝင်ငွေမရှိ၍ တစ်ရက်စားသောက်ရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဟု ပြောသည်။ ” ဆောက်လုပ်ရေးက အရင်လို အလုပ်မဖြစ်တော့ဘူး။ တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဆောက်လုပ်ရေးတွေကို ရပ်တန့်ထားကြတယ်။ ကျမက အုတ်စီအုတ်ပြောင်း မဆလာဖျော် လုပ်ရတာ။ အလုပ်ဖြစ်တဲ့အချိန်က တစ်ရက်ကို ဝင်ငွေ ၁၀,၀၀၀ သောင်းကနေ ၂၀,၀၀၀ သောင်းလောက်အထိ ရတယ်။
မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ
မြန်မာ့စစ်ရေးပဋိပက္ခအတွင်းက အမျိုးသမီးများမှာ ငြိမ်းချမ်းရေးနှင့် လူမှုဘဝအပေါ် စိန်ခေါ်မှုများစွာ ရှိနေပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာအထိ ၃ လအတွင်း အမျိုးသမီး ၁၉၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၁၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီက ဖုန်း၊ အင်တာနက် ဆက်သွယ်လိုင်းများ ဖြတ်တောက်ထား၍ ကိန်းဂဏန်းများမှာ မြေပြင်တွင် ပိုများပြားနိုင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေး အခြေအနေသည် အန္တရာယ်ရှိသော အနေအထားတွင် ရှိလာနေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ မိသားစုများကို ကာကွယ်စောင့်ရှောက်နေရသည့်အပြင် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ
ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ
ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံးဖြစ်ပွားမှုရှိနေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။