စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး

မတ် ၇ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု များကြောင့် ၂၀၂၅ နှစ်လအတွင်း အမျိုးသမီး ၁၁၈ ဦး သေဆုံးသွားကြောင်း AAPP က ပြောသည်။ မြန်မာပြည်တွင်း အခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ မတ်လ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ သေဆုံးခဲ့ရသည့် အမျိုးသမီး ၁၁၈ ဦးထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၇ ဦး ပါဝင်ပြီး ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားခြင်းဖြစ်သည်။

Continue Reading