အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ ၁၂ ဦးကို CDF – Asho တပ် ဖမ်းဆီး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ ၁၂ ဦးကို CDF – Asho တပ် ဖမ်းဆီး

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့များကို အရှိုချင်းကာကွယ်ရေးတပ် CDF – Asho တပ်က တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁၃၊ ၁၄ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးခဲ့၍ ၅ ဦးစလုံး သေဆုံးသွားကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့ CDF – Asho က ထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးအနက် နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာများနှင့်

Continue Reading
အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်
စစ်ရေး သတင်း
1 min read
0

အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်

နိုဝင်ဘာ ၁၉ - ၂၀၂၄
2

မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

Continue Reading