ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရ
သခွားသီးကားပေါ်တွင် ပုန်းအောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ မေလ ၁ ရက်တွင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၄ ဦးမှာ သခွားသီးတင်ကား၌ ပုန်းအောင်းလိုက်ပါလာစဉ် ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အလားတူ မေလ ၁ ရက်နေ့မှာပင် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးသွားသည်။ တစ်ရက်တည်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံရပြီး ထိုင်းက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။
အလုပ်သမားနေ့မှာ ထိုင်းက မြန်မာအလုပ်သမားကူညီရေးရုံး ဖြိုဖျက်ခံရ
ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိသော မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ရုံး ဖြိုဖျက်ခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ထစန်ရပ်ကွက်မှာ ရှိသော AAC မဟာမိတ်အဖွဲ့ရုံးအား မြေပိုင်ရှင်၏ ညွှန်ကြားချက်ဖြင့် အလုပ်သမားများမှ လာရောက်ဖြိုဖျက်သွားခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များမှ လာရောက်ဖြိုဖျက်ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်၏ အလုပ်သမားများမှ လာရောက်ဖြိုဖျက်ခြင်းဖြစ်ပြီး စာချုပ်အရ နောက်တစ်နှစ် နေရအုံးမည်ဟု AAC မဟာမိတ်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုထားသည်။ မြေပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးအား ဆောက်လုပ်ထားသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ဖြိုဖျက်ရကြောင်း ပြောဆိုထားပြီး AAC မဟာမိတ်အဖွဲ့က ထိုင်းအာဏာပိုင်များအား တိုင်းတန်းကာ အဆောက်အဦးဖြိုချမှုကို ယခု
မဟာချိုင်က မြန်မာစားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း
ထိုင်းနိုင်ငံ စမုစခွန်ခရိုင် မဟာချိုင်မှာ မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်လည်းဖြစ် အပန်းဖြေဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကြောင်း သိရသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခံရခြင်း ဖြစ်ပြီး ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးချိန် လက်နက်၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး ဆိုင်ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။ အဆိုပါ ဖမ်းဆီးမှုမှာ မြန်မာတစ်ဦး၏ သတင်းပေး တိုင်ကြားချက်ကြောင့်ဖြစ်ပြီး မြန်မာများအနေဖြင့် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်နေသော မြန်မာတစ်ဦးက “အခုက ထိုင်းမှာ အွန်လိုင်းစျေးရောင်းတာကစလို့ ဆိုင်သေး၊ ဆိုင်ကြီး၊ အိမ်ခြံမြေပွဲစား အေးဂျင့် စတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို
အွန်လိုင်းက ထိုင်းစာ သင်ပေးသည့် မြန်မာဆရာမ တစ်ဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး
ထိုင်းနိုင်ငံတွင် အွန်လိုင်း လူမှုကွန်ရက်ပေါ်မှ ထိုင်းဘာသာစကား အရေး၊ အဖတ် သင်ကြားပေးသည့် ရွှေ့ပြောင်း မြန်မာဆရာမတစ်ဦးကို ထိုင်းအာဏာပိုင်များ က ဖမ်းဆီးသွားကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဆရာမနှင့် နီးစပ်သူများက ပြောသည်။ ဆရာမမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေခြင်းဖြစ်၍ “အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်း” ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။ အဆိုပါ မြန်မာဆရာမသည် အွန်လိုင်းချန်နယ်များမှတဆင့် အခြေခံ ထိုင်းဘာသာစကား သင်တန်းကို နှစ်လကြာ သတ်မှတ်ကာ ဘတ် ၁၅၀၀ ဖြင့်
ထိုင်းရေလုပ်သား ၄ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး
ရေပိုင်နက်ကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော ထိုင်းရေလုပ်သား ၄ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးတို့ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ၎င်းတို့ ၇ဦးကို မတ်လ ၂၇ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ယနေ့ မတ်လ ၁၈ ရက်ထုတ် ဝါဒဖြင့်သတင်းစာများက ဖော်ပြသည်။ ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံသား အသက် ၆၈ နှစ်အရွယ် ဆူနန်မောင့်ဂွတ်ထုန်၊ အသက် ၆၁ နှစ်အရွယ် ဆွန်ပေါ့ ဝိဝပ်၊ အသက် ၆၄ နှစ် အရွယ် ဌာဝန် ဖရော့မင်မစ်နှင့် အသက်၆၉ နှစ်အရွယ် ဝိရွတ် စဖန်ထုန်နခွန် တို့ ဖြစ်သည်။ ထို့အပြင်
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရ
မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားထံမှ သိရသည်။ မလေးရှားအာဏာပိုင်များ က ကလန်း မဲရူးဈေးကြီး ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထားမပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများ မှာ အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့်
မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့မှု ထိုင်းရှေ့နေ ကောင်စီ အမှု လက်ခံ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းစစ်သားများက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့မှုတွင် စစ်ဆေးပေးရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ လက်ခံလိုက်သည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ယနေ့တွင် ပြောသည်။ မြန်မာနိုင်ငံသား အောင်ကိုကို အတွက် တရားမျှတမှုရရှိစေရန် Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ Lawyers Council of Thailand က လက်ခံလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ့များ
ထိုင်းမှာ ဘတ်အသစ်စာရင်း ဖွင့်လှစ်ကြောင်း စစ်ကောင်စီ မြန်မာသံရုံးကြေညာ
ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် (ဘတ်) အသစ်စာရင်း စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်ခွင့်ပြုကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးက ကြေညာထားသည်။ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသည့် သတင်းအချက်အလက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်က ထပ်ဆင့်အသိပေးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုင်းတွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ယင်းကတ်ကို ဘတ်ဟုခေါ်ကြသလို ပန်းရောက်ကတ်ဟုလည်း ခေါ်ကြသည်။ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၊ ဘတ် သက်တမ်းကုန်ဆုံးသူများ၊ တရားဝင် ဝင်ရောက်ခဲ့ပြီးနောက် အလုပ်တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းအစိုးရက အမည်စာရင်းတင်ခွင့်ပြုခြင်း ဖြစ်သည်။ ပထမအဆင့်အဖြစ်
ပြည်ပရောက် နိုင်ငံသားများကို ပြန်ခေါ်ပြီး စစ်မှုထမ်းရန် စစ်ကောင်စီ ပြင်ဆင်နေ
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများကို အေဂျင်စီများမှတစ်ဆင့် ပြန်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းရန် အာဏာသိမ်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပြင်ဆင်နေကြောင်း သိရသည်။ ၃ နှစ်ပြည့်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အေဂျင်စီများက ခေါ်ပေးရမည်ဖြစ်ပြီး တာဝန်ယူမခေါ်ပေးနိုင်သော အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်နေသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြန်လာပြီး စစ်မှုထမ်းရေး မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားသည့်စာမှာ ယခုရက်ပိုင်းအတွင်း အလုပ်သမားအေဂျင်စီများသို့ တရားဝင် ရောက်ရှိလာခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အေဂျင်စီတစ်ခုက “ခေါ်ပေးတာက ခေါ်ပေးလို့ ရမယ့် မလာတဲ့သူတွေကို ဘယ်လိုမှ အတင်းခေါ်ပေးလို့ မရနိုင်ဘူး။ ကျမတို့အတွက် တော်တော်လေး လုပ်ရကိုင်ရ ကျပ်သွားမှာ။
ထိုင်းတွင် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား
မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၉ဦးကို ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ပွဲစားများက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြသည်။ မြန်မာနိုင်ငံသား ၉ဦးမှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတောထဲမှာ နိုဝင်ဘာ ၅ ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကျေးရွာသားများ၏ သတင်းပေးလာမှုကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊ ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ထိပ်ဆသရီ စစ်ကြောင်းမှူးက သတင်းထောက်များကို ပြောဆိုသည်။ ယင်းအထဲမှာ အမျိုးသား တစ်ဦး၊