ထိုင်းမှာ MOU မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး လုပ်အားခမရ၍ အခက်ကြုံနေရဟုဆို
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် စီရက်ချာမြို့ ထွန်စူလတွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် MOU မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး သည် အလုပ်ရှင် သူဌေးမှ လုပ်အားခ မရှင်ပေး၍ အခက်ကြုံနေရကြောင်း သိရသည်။ အဆိုပါ MOU မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၃၀ ဦးကို Trede Win Co.,LTD နှင့် SHWE LANN PHWINT CP.,LTD တို့တွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြသည်။ ယခင်က အလုပ်ရှင်ဖြစ်သူဘက်မှ လုပ်အားခ ပုံမှန်ရှင်ပေးခြင်းရှိသော်လည်း ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ လုပ်အားခများကို မရှင်ပေး၍ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း WAG မြန်မာအလုပ်သမား အကူညီအဖွဲ့က
ထိုင်းမှာ ကားမှောက်၍ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အပါဝင် ၃ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာတွင် ယာဉ်မတော်တဆ တိမ်းမှောက်မှု၍ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအပါဝင် သုံးဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ရေခဲပို့နေသည့် ကားသည် ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဘုန်းကြီးကျောင်းအရှေ့ရှိ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်ပါ သုံးဦးစလုံး အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှူကြီး နလုဒုံ မာလစီက ထိုင်းသတင်းဌာနများကို ပြောဆိုထားသည်။ “ဒီကားက မူယန်င်မြို့နယ်၊ ဟွေဖိုင်ကျေးရွာက ဈေးဆိုင်တွေကို ရေခဲသွားပို့တဲ့ကားလို့ သိရပါတယ်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းကို ကြည့်တဲ့ အခါ
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။ ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။
ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ
ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုတွင် ရခိုင်လူမျိုးတစ်ဦးပါဝင်ပြီး ၎င်း၏ မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ် ရရှိရေး လိုအပ်နေကြောင်း သိရသည်။ မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။အဆိုပါ သေဆုံးသူများထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အလုပ်သမားတစ်ဦး ပါဝင်ပြီး ၎င်းမိဘများနှင့် အဆက်အသွယ်