စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က