ပြင်ဦးလွင်က လူနေခွင့်မရှိသော သစ်တောနှင့် ဥယျာဉ်ခြံမြေများကို စစ်ကောင်စီ အရာရှိများ ရောင်းစားနေ
စီးပွားရေး သတင်း
1 min read
0

ပြင်ဦးလွင်က လူနေခွင့်မရှိသော သစ်တောနှင့် ဥယျာဉ်ခြံမြေများကို စစ်ကောင်စီ အရာရှိများ ရောင်းစားနေ

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြ သိရသည်။ အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်းရယူကာ မြေကွက်များကို ရောင်းချလာကြခြင်းဖြစ်သည်။ ပြင်ဦးလွင်တွင် စစ်တပ်အရာရှိများစွာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသည့်အနက်မှ ဗိုလ်မှူး သန်းထွေးဖြူ၊ ဗိုလ်မှူး

Continue Reading