မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား
(ဒေသအာဏာပိုင်အဖွဲ့က ကူညီဖြေရှင်းဆောင်ရွက်ပေးရန် မိသားစုဝင်များ လိုလားနေ) ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်အုပ်စု လဟာကြီးကျေးရွာမှာ လင်ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နှက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ အိမ်ထဲ ပိတ်လှောင်ထားကြောင်း စုံစမ်းသိရသည်။ အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီး ဖြစ်သူအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးနှက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းကြောင့် အပြင်ဒဏ်ရာများအပြင် အတွင်းဒဏ်ရာများမှာ ပြင်းထန်စွာ ရရှိထားပြီး လမ်းမလျောက်နိုင်ဘဲ အိပ်ရာထဲ လဲနေရသည်။ အသက် ၄၃ နှစ်အရွယ် လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ (ခေါ်) မောင်ထွန်းဝင်းမှ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မေသန်းကို မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင်
(မြန်မာမှာ အိမ်ထောင်ရှိ အမျိုးသမီး ၅ ဦးအနက် ၁ ဦးက လက်တွဲဖော်ထံ ရိုက်နှက်ခံနေရ) ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာတစ်ဝန်းက အမျိုးသမီးအရေးဆောင်ရွက်ကြသည့် အဖွဲ့များမှာ ၁၆ ရက်တာလှုပ်ရှားမှုကို စတင်ပြုလုပ်နေကြပြီဖြစ်သည်။ ကျား၊ မအခြေပြု အကြမ်းဖက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဆုံးသတ်ကြမည်ဖြစ်သည်။ ” ဒီလှုပ်ရှားမှုဟာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပေါ် အများပြည်သူ သတိထားမိလာစေဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအဖွဲ့ UN က ပြောဆိုထားသည်။ မြန်မာနိုင်ငံမှာ အိမ်ထောင်ရှိ အမျိုးသမီး