ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်မှုထမ်း တပ်သားနှစ်ဦး မိသားစုကို စစ်တပ်က အကြောင်းမကြား
ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်မှုထမ်း တပ်သားနှစ်ဦးအား မိသားစုကို စစ်ကောင်စီတပ်ဖက်က တစ်စုံတစ်ရာ အကြောင်းကြားချင်း မရှိဘဲ ပျောက်ဆုံးစာရင်းသွင်းထားကြောင်း မိတ်ဆွေများထံမှ စုံစမ်းသိရသည်။ ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၂ ရပ်ကွက်မှ စစ်မှုထမ်းတပ်သား အောင်နိုင်ထွန်းနှင့် သက်ပိုင်စိုးတို့ ၂ ဦးသည် ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုကို စစ်တပ်က အကြောင်းမကြားခြင်းမရှိခဲ့ကြောင်း မိတ်ဆွေများမှ ပြောသည်။ မိသားစုဝင်တစ်ဦးက “စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း ကိုအောင်နိုင်ထွန်းနဲ့ ကိုသက်ပိုင်စိုးက အတင်းအကျပ် စစ်တပ်ထဲ အသွင်းခံရသူတွေပါ။ အသက်တွေက ၂၀ ကျော်လေးတွေ။ သူတို့ ရခိုင်တိုက်ပွဲမှာ ကျဆုံးတာကို တပ်ထဲက မိတ်ဆွေတွေက မိသားစုဆီကို လှမ်းပြောကြတယ်”ဟုပြောသည်။ စစ်မှုထမ်း