အရပ်ဘက်မှာ တာဝန်ထမ်းဆောင်ရန်သွားသည့် ရခိုင်လူငယ် ၇ ဦးကို AA က စစ်ထဲသို့ ပို့ဆောင်
အာရက္ခတပ်တော် AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ လက်အောက်အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ရန်သွားသည့် မြောက်ဦးမြို့နယ်က လူငယ် ၇ ဦး AA စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရသည်။ အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများအတွက် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင်လူငယ်များကို ခေါ်ယူပြီး ASPPA ဟု ခေါ်သည့် Arakan school of Public policy and Administration သင်တန်းကျောင်းဖွင့်လှစ်ကာ အုပ်ချုပ်ရေးသင်တန်းများ ပေးအပ်လျက်ရှိသည်။ ထိုအုပ်ချုပ်ရေး သင်တန်းကျောင်းတွင် ရခိုင်ပြည်အနှံ့က တက္ကသိုလ်ဝင်တန်းတက်ရောက်ကြမည့် လူငယ်များနှင့် တက္ကသိုလ်ကျောင်းသား အများစု တက်ရောက်သင်ကြားနေကြသော AA က ဖွင့်လှစ်ထားသည့် ပြည်သူ့ အုပ်ချုပ်ရေးသင်တန်းကျောင်းလည်းဖြစ်သည်။ ရခိုင်ပြည်၏ တော်လှန်ရေးနှင့် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် အရပ်ဘက်အုပ်ချုပ်ရေး၌ ပူးပေါင်းပါဝင်လိုသော
AA က ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းသားများ ခေါ်ယူနေ
ဧပြီလ ၂၅ ရက်နေ့ကစ၍ အာရက္ခတပ်တော် AA ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ မိမိစရိတ်ဖြင့် ၈ လကြာ သင်တန်းတက်ရောက်ရမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီး ဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ တိုင်းပြည်နှင့် လူမျိုးတို့၏ ပဏမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Primary Health Care Services ကို တာဝန်ထမ်းဆောင်လိုသည့်သူတိုင်း အောက်ပါအရည်အချင်းနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။ လျှောက်ထားသူသည် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး အထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူ ဖြစ်ရမည်နှင့် ဝေးလံခက်ခဲသော ဒေသများ၌ နေထိုင်သူများအနေဖြင့်လည်း
ပလက်ဝ အဓမ္မပြုကျင့်ခံရမှု ကျူးလွန်သူများကို ပွင့်လင်းမြင်သာစွာ တရားစီရင်ပေးရန် AA ကို ချင်းပြည်အစိုးရတောင်းဆို
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ပေးရန် ချင်းပြည်အစိုးရအဖွဲ့က တောင်းဆိုသည်။ ဟင်းခူးရန်သွားသော စိမ်းစင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA မှ တပ်ဖွဲ့ဝင်နှစ်ဦးက အတင်းအဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း သတင်းမီဒီယာများတွင် တပ်သားနှစ်ဦး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်းကို ဝန်ခံပြောဆိုထားပြီး ကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေးနေကြောင်းပြောသည်။ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတစေရန်နှင့် ကျူးလွန်ခံရသူအမျိုးသမီး၏ တရားမျှမှုအတွက် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပြောဆိုထားသည်။ အာရက္ခတပ်တော် AA က ထိုသို့ ပြောထားချိန်တွင်
ရခိုင်ပြည်မှာ သတင်းလွတ်လပ်ခွင့် ကန့်သတ် ထိန်းချုပ်ခံနေရ
(လုံခြုံရေး အာမခံချက်မရှိသလို ထောက်ပြ ဝေဖန် သတင်းရေးပါက အဖမ်းခံရနိုင်) အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေများတွင် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်တို့အား ကန့်သတ်ထိန်းချုပ်မှုများ ရှိနေကြောင်း သတင်းသမားများက ပြောသည်။ အာရက္ခတပ်တော် AA သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ပလက်ဝမြို့နယ်များကို ထိန်းချုပ်ထားသည်။ ယင်းမြို့နယ်များကို အာရက္ခတပ်တပ်တော် AA က သတင်းရရှိခွင့် ကန့်သတ် ထိန်းချုပ်ထာပြီး တစ်ချို့မြို့နယ်များကိုမူ သတင်းရယူခွင့် လုံးဝ ပိတ်ပင် တားဆီထားကြောင်း သတင်းသမားများက ပြောသည်။
AA ထိန်းချုပ်နယ်မြေများသို့ လူ ပို့သည့် ပွဲစားများကို စစ်ကောင်စီ ဖမ်းဆီး၊ နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေ
စစ်တွေဒေသခံများကို အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေသို့ ပို့ဆောင်ပေးသည့် ပွဲစားများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စစ်တွေဒေသခံများသည် AA ထိန်းချုပ်ထားသော မြို့နယ်များကို သွားရောက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းကြား ခံရမှုကြောင့် စစ်ရှောင် ၃၀ ကျော် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယင်းနောက် ပို့ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားအဖွဲ့များကို စစ်ကောင်စီက စစ်တွေမြို့အတွင်း အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။ ပြန်လည် လွတ်မြောက် လာသူတစ်ဦးက “ပွဲစားတွေကို ဖမ်းထားတယ်။
ပလက်ဝ ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု အာရက္ခတပ်တော် AA ဝန်ခံ၊ ကျူးလွန်သူများကို အရေးယူမည်ဟုဆို
AA သိမ်းပိုက်ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်တွင် တပ်သားနှစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု အာရက္ခတပ်တော် AA က ဝန်ခံထားပြီး ကျူးလွန်သူများကို အရေးယူမည်ဟု ပြောဆိုသည်။ ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦးကို AA တပ်သားနှစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခ က ဝန်ခံထားပြီး ကျူးလွန်သူများကို အခင်းဖြစ်ပွားသည့်နေ့ကတည်းက ဖမ်းဆီးခဲ့ကြောင်း ပြောသည်။ ကာယကံရှင် အမျိုးသမီး၏ မိသားစုဝင်များနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တရားမျှတမှု ရရှိရေးအတွက် အရေးယူပေးရန် တောင်းဆိုပြီးနောက်တွင် ဦးခိုင်သုခက ယခုအမှုအား ထုတ်ပြန်လာခြင်း ဖြစ်သည်။ အရက်သေစာ သောက်စားပြီး မူးယစ်နေသော တပ်ဖွဲ့ဝင်နှစ်ဦးသည် ချောင်းထဲမှာ ရေချိုးနေသော အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သည်ဟု
ပဲခူး ပုဂံကွဲက အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် သိမ်းပိုက်ခဲ့
ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ပုဂံကွဲစခန်းမှ အလင်းဝင်ရောက်လာသည့် တပ်သားမင်းခန့်၏ ပြောပြချက်ရုပ်သံကို ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၅ ဖေဖော်ဝါရီလအတွင်းက တောင်ကုတ်- ပန်းတောင်းကားလမ်းအနီး လေးအိမ်စု စခန်းတိုက်ပွဲတွင် AA က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း အလင်းဝင်ရောက်လာသည့် မင်းခန့်က ပြောသည်။ “ည ၁၀ နာရီလာက်ပဲ ရှိအုံးမယ်။ ကျွန်တော်တို့ ကင်းစောင့်နေတဲ့ချိန်မှာ
AA က ဆိုင်ကယ် ဦးထုပ်ဆောင်းရန် ကြပ်မတ်ပြီးနောက် ဆိုင်ကယ် ဦးထုပ် စျေးမြင့်တက်လာ(စျေးနှုန်းများ မြှင့်ရောင်းချနေမှု ကြပ်မတ်ရန်လို)
အာရက္ခတပ်တော် AA ထိန်းချုပ်မြို့နယ်များတွင် ဆိုင်ကယ်စီးသူများအား ဆိုင်ကယ်ဦးထုပ် မဖြစ်မနေဆောင်းကြရန် ကြပ်မတ်ပြီးနောက် ဆိုင်ကယ် ဦးထုပ်များအား စျေးမြှင့်ရောင်းချမှုများ ရှိနေသည်။ ဆိုင်ကယ်စီးသူများ ဆိုင်ကယ် ဦးထုပ်မဖြစ်မနေ ဆောင်းရန် ကြပ်မတ်ခြင်းကို ယခုလပိုင်းအတွင်း မြို့နယ် အလိုက် စတင် လုပ်ဆောင်ပြီးနောက် ဆိုင်ကယ် ဦးထုပ်စျေးနှုန်းမှာ မူလထက် စျေး ၂ ဆ ခန့် ဈေးမြှင့် ရောင်းချလာကြသည်။ မင်းပြားမြိုခံတစ်ဦးက “ဆိုင်ကယ် ဦးထုပ်အကောင်းထဲက ဆိုရင် ၁ သိန်းလောက်တောင်းနေကြတယ်။ အရင်က ဒီလောက် မရှိပါဘူး။ ၄ သောင်းကျော် ၅ သောင်းလောက်ပဲ။ အခု ဦးထုပ်မဆောင်း မနေရ လုပ်ပြီးမှ စျေးမြင့်သွားတာ။ ဒီစျေးနှုန်းနဲ့ ဝယ်နိုင်တဲ့သူမရှိသလောက်နည်းတယ်”
ပလက်ဝ ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသတွင် ကလေးမိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့မှုဖြင့် အာရက္ခတပ်တော် AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရသည်။ AA အဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့က ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ်တစ်ဦး၏ မိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု မိသားစုဝင်များနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) တို့က စွပ်စွဲပြောဆိုထားကြသည်။ ယခုလ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် စိမ်းစင်းကျေးရွာက အမျိုးသမီးမှာ ဟင်းခူးရန် ယာခင်းသို့ သွားရောက်စဉ် လမ်းတွင် AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး
ပေါက်တောက မွတ်ဆလင်ရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က မွတ်ဆလင်များ နေထိုင်သည့် အနောက်ရဲ ကျေးရွာကို ယမန်နေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သည်။ စစ်ကောင်စီ ကြဲသော ပေါင် ၅၀၀ ဗုံးနှစ်လုံးမှာ အနောက်ရဲကျေးရွာ အပြင်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံမွတ်ဆလင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ပေါက်တောဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။ “အနောက်ရဲ ရွာတို့၊ ကြိမ်နီပြင် တို့ဆိုတာ ဒုက္ခသည်စခန်းတွေပါ။ မြစ်ကမ်းနားမှာ နေပြီး တစ်ပိုင်တစ်နိုင် ငါးရှားနေတဲ့ ရွာတွေ ဖြစ်ပါတယ်။ အခုလို စစ်ရေးနဲ့ မဆိုင်တဲ့ ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်တော့ ကျနော်တို့ အရမ်းစိုးရိမ်