ဗိုလ်လောင်းများကျဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား AA ပြုလုပ်
စစ်ရေး သတင်း
1 min read
0

ဗိုလ်လောင်းများကျဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား AA ပြုလုပ်

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သူများအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အာရက္ခတပ်တော် AA က အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကုန်ခဲ့ပြီးသော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာစစ်တပ်က ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးများဖြင့် လစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသည့် အာရက္ခတပ်တော်မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် အခြားသောတိုင်းရင်းတော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်လောင်းများ စုစုပေါင်းဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ

Continue Reading
တကျော့ပြန်တိုက်ပွဲ တစ်နှစ်ပြည့်နေ့မှာ AA က ရခိုင်ပြည်သူတွေကို ဘာတွေ ကတိပေးထားသလဲ
စစ်ရေး သတင်း
1 min read
0

တကျော့ပြန်တိုက်ပွဲ တစ်နှစ်ပြည့်နေ့မှာ AA က ရခိုင်ပြည်သူတွေကို ဘာတွေ ကတိပေးထားသလဲ

နိုဝင်ဘာ ၁၄ - ၂၀၂၄
0

ရခိုင်ဒေသ (အာရက္ခဒေသ) တစ်ခုလုံး ရခိုင်ပြည်သူများလက်ထဲသို့ အမြန်ဆုံးရောက်ရှိရေးအတွက် စစ်ကောင်စီ စစ်စခန်းများအားလုံးကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျှက်ရှိပြီး ရည်မှန်းချက်များ ပြီးမြောက်စေရန် လက်ကျန်စစ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲမှတစ်ဆင့် မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော် AA က စတင်ခဲ့ပြီး ယမန်နေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်သည် ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုတစ်နှစ်တာအတွင်းမှာ စစ်ကောင်စီ စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်ထဲက မြို့ ၁၁ မြို့ကို အာရက္ခတပ်တော်

Continue Reading
ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့် မြို့သိမ်းတိုက်ပွဲများမှတ်စု
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့် မြို့သိမ်းတိုက်ပွဲများမှတ်စု

နိုဝင်ဘာ ၁၃ - ၂၀၂၄
0

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း တိုက်ပွဲများကို ၂၀၁၈ ခုနှစ်ကတည်းက ဆက်တိုက်ဖော်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လအနည်းငယ် အနားယူခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တကျော့ပြန် ရခိုင်စစ်ပွဲကို စတင်ခဲ့သည်။ ယင်းအချိန်မှစ၍ ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် မြန်မာစစ်တပ် အားလုံးကို ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်ရက်မှ မနားဘဲ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများမှ အဓိက မှတ်တမ်းတင်ရန် အရေးပါသော နေ့၊ ရက်၊ အချိန် အချို့ကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ■ ပလက်၀မြို့နယ် ပလက်ဝဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ

Continue Reading
တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်

နိုဝင်ဘာ ၆ - ၂၀၂၄
2

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု

Continue Reading
ဂွမြို့နယ်က စစ်ရှောင်ပြည်သူများမှာ အနွေးထည်နှင့် ဆေးဝါး လိုအပ်နေ
စစ်ရေး သတင်း
1 min read
0

ဂွမြို့နယ်က စစ်ရှောင်ပြည်သူများမှာ အနွေးထည်နှင့် ဆေးဝါး လိုအပ်နေ

နိုဝင်ဘာ ၅ - ၂၀၂၄
0

နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်ပြည်သူ ၆,၀၀၀ ကျော်မှာ ဆောင်းဝတ် အနွေးထည်များနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများနှင့် ကူညီထောက်ပံ့ရေးလုပ်နေသူများက ပြောဆိုကြသည်။ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ ဂွမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ တိုင်ကျိုး၊ ကမ်းသာယာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြပြီး ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သံတွဲမြို့နယ်က ထွက်ပြေးလာသည့် စစ်ရှောင်များအပါအဝင် ဂွဒေသခံ စစ်ရှောင်ပြည်သူများမှာ ဆောင်းတွင်းကာလ အနွေးထည်မရှိ၍ အအေးဒဏ်ကို ခံစားနေရကြောင်း ဂွမြို့နယ်အခြေစိုက် မြတ်မေတ္တာလူမှုကူညီရေးအသင်းက ပြောသည်။ အသင်း ဥက္ကဌ ကိုသန့်ဇင်အောင်က “ရခိုင်မှာက အခု ဆောင်းစဝင်ပြီပေါ့နော်။ စစ်ရှောင်တွေမှာက ဘာတစ်ခုမှ မပါဘဲ အိုးအိမ်စွန့်ခွာ ပြေးလာရတာများပါတယ်။ ဂွမြို့နယ်က

Continue Reading
AA ၏ ပြန်လည်ထူထောင်ရေး
ဓါတ်ပုံသတင်း သတင်း
1 min read
0

AA ၏ ပြန်လည်ထူထောင်ရေး

နိုဝင်ဘာ ၄ - ၂၀၂၄
1

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း မသိမ်းရဘဲ ကျန်ရှိနေသေးသော စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေသလို သိမ်းပိုက်ထားသည့် မြို့နယ်များတွင်လည်း ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို တစ်ချိန်းတည် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ဓါတ်ပုံများသည် သိမ်းပိုက်ထားသော မြို့နယ်တစ်ခုအတွင်း ဒေသခံလူငယ်များနှင့် ပြည်သူများဖြင့်ပူးပေါင်းကာ ရပ်ရွာသန့်ရှင်းသာယာရေးအတွက် စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို တွေ့မြင်ရခြင်းဖြစ်သည်။ ဓါတ်ပုံ – APM

Continue Reading
AA နှင့် CNFတို့ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကံချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

AA နှင့် CNFတို့ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကံချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ

အောက်တိုဘာ ၃၁ - ၂၀၂၄
1

AAနှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ်

Continue Reading
အမ်းတိုက်ပွဲ လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီက မကွေးနှင့် ပုသိမ်လေဆိပ်ကို အသုံးပြုနေ
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲ လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီက မကွေးနှင့် ပုသိမ်လေဆိပ်ကို အသုံးပြုနေ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

(လေဆိပ် လက်လွှတ်လိုက်ရ၍ စစ်ကူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နိုင်) တိုက်ပွဲပြင်းထန်နေသော အမ်းမြို့တွင် လေဆိပ်ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီမှာ မကွေးလေဆိပ်နှင့် ဧရာဝတီ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” စစ်ကောင်စီဟာ အမ်းလေဆိပ်ကို လုံးဝ အသုံးပြုလို့ မရတော့ဘူး။ လေဆိပ် ပတ်ပတ်လည်ကနေ AA က ပိတ်ဆို့ ပစ်ခတ်နေတယ်။ စစ်ကောင်စီ လေယာဉ်တွေ ဆင်းသက်လို့မရအောင် တောက်လျှောက် ပစ်ခတ်နေတာ။ အဲဒီတော့ စစ်ကောင်စီဟာ မကွေးလေဆိပ်နဲ့ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကို ပစ်ကူပေးနေတယ်။ ” ဟု

Continue Reading
အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။

Continue Reading
AA မှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ ကူညီ
စစ်ရေး သတင်း
1 min read
0

AA မှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ ကူညီ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA မှ ချင်းညီနောင် Chin Brotherhood အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား လက်နက်ခဲယမ်းများ ကူညီခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ အဆိုပါ လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့နှင့် AA တို့ အကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေးနှင့် စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမိုအားကောင်းစေရေး နှစ်ဖက် တပ်မှူးများမှ ထည့်သွင်းပြောကြားခဲ့ကြသည်။ ချင်းပြည်အတွင်းရှိ ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ

Continue Reading