အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ

အောက်တိုဘာ ၂၄ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း

Continue Reading
ရခိုင်ဘက်ကို တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ပြန်လွှဲပြောင်းပေး
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်ဘက်ကို တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ပြန်လွှဲပြောင်းပေး

အောက်တိုဘာ ၁၀ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောဒေသကို နတ်မြစ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးမှာ ငါးဖမ်းစက်လှေနှင့်အတူ အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရခိုင်ပိုင်နက် ဝင်ရောက်လာ၍ AA က ဖမ်းဆီးပြီး ပြန်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Star က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က “ကျွန်တော်တို့ တက္ကနာမြို့နယ် ဆားပြင်ကျေးရွာမှ တံငါသည်ငါးဦးပါ စက်လှေတစ်စီး ပုံမှန်ငါးဖမ်းနေတဲ့အချိန် စက်ချွတ်ယွင်းသွားတဲ့အတွက် မြန်မာ့ရေပိုင်နက်ထဲ ရောက်သွားတယ်ပေါ့နော် အဲမှာ Arakan

Continue Reading
ရခိုင်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် ULA/AA ညွှန်ကြား
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် ULA/AA ညွှန်ကြား

အောက်တိုဘာ ၉ - ၂၀၂၄
1

ရခိုင်ပြည်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသဖြင့် မပြုလုပ်ကြရန် ULA/AA ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရသည်။ ULA/AA ၏ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးရုံးမှ ရခိုင်ပြည်သူများအား အောက်တိုဘာလ ၇ ရက်နေ့က ထပ်ဆင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ AA ၏ ထုတ်ပြန်ချက်တွင် တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု အသိပေး ညွှန်ကြားထားသည်။ အဆိုပါ ညွှန်ကြားချက်များအား

Continue Reading
ဘူးသီးတောင်က ARSA တပ်စခန်းကို AA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ဘူးသီးတောင်က ARSA တပ်စခန်းကို AA သိမ်းပိုက်

အောက်တိုဘာ ၈ - ၂၀၂၄
0

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဘူးသီးတောင်ဒေသတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တပ်စခန်းတစ်ခုကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီခန့်က သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ARSA တပ်စခန်းမှာ ဘူးသီးတောင်မြို့နယ် ရွှေထား (မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာအကွာအဝေး၌ စခန်းချနေထိုင်နေသာ တပ်စခန်းဖြစ်သည်။ ARSA တပ်စခန်းက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA က ဆိုသည်။ မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ကလေးငယ်များအပါအဝင်

Continue Reading
သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်
ဓါတ်ပုံသတင်း သတင်း
1 min read
0

သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်

အောက်တိုဘာ ၈ - ၂၀၂၄
1

ပလက်ဝဒေသ အပါအဝင် ရခိုင်ဒေသက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အာရက္ခတပ်တော် AA က မိုင်းရှင်းလင်းရေး ပြုလုပ်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်မရှုံးခင်နှင့် စခန်းမစွန့်ခွာခင်ကတည်းက စခန်းအနီးအနားတွင် မိုင်းထောင်ထားခြင်း၊ စစ်ကြောင်းထိုးရာဒေသများတွင် မိုင်းထောင်ထားခြင်းများကို ပြုလုပ်ခဲ့ကြသည်။ လက်ရှိ ထိန်းချုပ်ထားသော မြို့များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင် ဒေသများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ စခန်းအနီးအနားနှင့် မြို့ပတ်ပတ်လည်ကို မိုင်းထောင်ထားကြောင်း သိရသည်။ အာရက္ခတပ်တော် AA အနေဖြင့် စစ်ကောင်စီထံက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အလေးထား ဆောင်ရွက်ပေးနေပြီး သိမ်းလုဆဲဆဲဖြစ်နေသော မောင်တောဒေသကိုလည်း မိုင်းရှင်းလင်းရေးများပြုလုပ်ပေးနေသည်။

Continue Reading
ဂွနှင့် ကျိန္တလီ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
စစ်ရေး သတင်း
1 min read
0

ဂွနှင့် ကျိန္တလီ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

အောက်တိုဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် တောင်ပိုင်းဒေသ ဂွမြို့နှင့် ကျိန္တလီမြို့ကို ဆက်သွယ်ထားသည့် ကုလားပြင်ရွာထိပ်က တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ချိန် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ AA က သံတွဲမြို့ကို သိမ်းပြီးနောက် ကျိန္တလီကတစ်ဆင့် ဂွမြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်နွှဲချိန် ကျိန္တလီမြို့ထဲက ရဲနှင့်စစ်တပ်မှာ ကုလားပြင်ရွာဘက်သို့ တပ်ဆုတ်သွားသည်။ ကုလားပြင်ရွာထဲ၊ တံတားထိပ် ကိုင်းခုန်နှင့် ကုလားပြင်ရွာအနီး ကံကော်တောင်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားထား၍ AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကုလားပြင်က တပ်စခန်းများအားလုံးကို အောက်တိုဘာလ ၆ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ AA

Continue Reading
AA ထိုးစစ် ဂွမြို့အနီးကို ချဉ်းကပ်လာ
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ် ဂွမြို့အနီးကို ချဉ်းကပ်လာ

အောက်တိုဘာ ၇ - ၂၀၂၄
0

(ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA သိမ်းပိုက်ဟုဆို) အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက်တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။ ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင်

Continue Reading
အမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် AA က ထိုးစစ်အရှိန်မြှင့်နေ
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် AA က ထိုးစစ်အရှိန်မြှင့်နေ

အောက်တိုဘာ ၇ - ၂၀၂၄
0

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယခု အောက်တိုဘာလ အစောပိုင်းကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ စစ်ကောင်စီတပ်စခန်းများကို AA က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်သည်။ AA ၏ ထိုးစစ် အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းက ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကို အင်အားအများအပြားသုံး တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။ ” အောက်တိုဘာ ၅ ရက် နေ့လ ၁၂ နာရီဝန်းကျင်ကနေ AA ဖက်က

Continue Reading
AA က လူငယ် ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ၉ ဦးသာ ပြန်လွှတ်ပေး၊ စစ်သင်တန်း တက်ခိုင်းထားဟု မိသားစုဝင်များဆို
စစ်ရေး သတင်း
1 min read
0

AA က လူငယ် ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ၉ ဦးသာ ပြန်လွှတ်ပေး၊ စစ်သင်တန်း တက်ခိုင်းထားဟု မိသားစုဝင်များဆို

အောက်တိုဘာ ၄ - ၂၀၂၄
0

ရခိုင်ပြည်မှ လူငယ်များသည် ပြည်မနှင့် နိုင်ငံခြားကို အလုပ်လုပ်ရန် ထွက်ခွာရာလမ်းတွင် အာရက္ခတပ်တော် AA မှ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ လူငယ်အချို့မှာ ပြန်လွတ်လာသော်လည်း တစ်ချို့မှာ ဖမ်းဆီးခံထားရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။ သြဂုတ်လ ဒုတိယသီတင်းပတ်အတွင်းက ရခိုင်မှ ပြည်မဘက်သို့ ပွဲစားဖြင့် ထွက်ခွာလာကြစဉ် ရခိုင်လူငယ် ၅၀ ကျော်ကို အမ်းမြို့နယ်ဘက်တွင် အာရက္ခတပ်တော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် လူငယ်များနှင့် ဖမ်းဆီးခံထားရသည့် မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးများနှင့် လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး လူငယ်အချို့ကို စစ်သင်တန်းတက်ရန် စေခိုင်းထားကြောင်း လွတ်မြောက်လာသည့် လူငယ်များနှင့် ဖမ်းဆီးခံထားရသည့်

Continue Reading
ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို
စစ်ရေး သတင်း
1 min read
0

ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို

အောက်တိုဘာ ၂ - ၂၀၂၄
0

(ULA/AA ပြောခွင့်ရ ဦးခိုင်သုခ တုံ့ပြန်ခြင်းမရှိပေ) CDF-Paletwa (ပလက်ဝ ကာကွယ်ရေးတပ်) ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝမြို့နယ် ကျေးရွာလေးရွာက အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization (GKO) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်တွင် င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ် (Yeh Ray) နှင့် ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့ကို AA က ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ကုန်းတော်အုပ်စု ရေချမ်းသာကျေးရွာမှ ၃

Continue Reading