AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား
နိုင်ငံရေး သတင်း
1 min read
61

AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား

စက်တင်ဘာ ၂၄ - ၂၀၂၄
0

(တော်လှန်ရေးအဖွဲ့အစည်းများက ဆွေးနွေးပွဲတက်ရန် အကြောင်းမပြန်သေးဟုဆို) လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဟူသော နယူးဒေလီဆွေးနွေးပွဲကို ရခိုင်တပ် AA, ကချင်တပ် KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို အိန္ဒိယအစိုးရက ဖိတ်ကြားထားကြောင်း သိရသည်။ နယူးဒေလီဆွေးနွေးပွဲကို ဖိတ်ကြားထားကြောင်း ဖိတ်ကြားခံရသည့် တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင်တစ်ဦးက အတည်ပြုထားကြောင်း ရိုက်တာသတင်းဌာနက ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။ အနောက်နိုင်ငံများက ရှောင်ဖယ်ထားသော အာဏာသိမ်း စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တောင်အာရှအာဏာ၏ သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar က “အစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသည့်

Continue Reading
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ရုပ်သံ အပတ်စဉ်သတင်း
1 min read
83

ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ

စက်တင်ဘာ ၂၃ - ၂၀၂၄
0

ဒီဇင်ဘာ ၄ ရက် – ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းတွေကိုပိတ်ထားလို့ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံနေရတဲ့သတင်း – AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို တရားသူကြီး အပြောင်းအလဲဖြစ်လို့ဆိုပြီး အပြီးသတ်အမိန့်မချဘဲ ထပ်မံရွေ့ဆိုင်းလိုက်တဲ့သတင်း -ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ စစ်တွေမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့ဦးရေ အများဆုံးဖြစ်တဲ့ သတင်း – တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားပေမယ့်လည်း ၁ လ ကြာတဲ့အထိထူးခြားမှု မရှိသေးတဲ့သတင်း – ရခိုင်မှာ ၆ လကျော်အတွင်း ကိုဗစ် အတည်ပြုလူနာ ၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ နီးပါးရှိတဲ့သတင်း – ရခိုင်က ကျောင်းသား ၄ ဦးအမှုရဲ့

Continue Reading
ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်
စီးပွားရေး သတင်း
1 min read
210

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

စက်တင်ဘာ ၂၁ - ၂၀၂၄
0

(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က

Continue Reading
■ ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ ပြန်မဆောက်နိုင်သေး
စစ်ရေး ရုပ်သံ သတင်း
1 min read
91

■ ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ ပြန်မဆောက်နိုင်သေး

စက်တင်ဘာ ၁၆ - ၂၀၂၄
0

(ရခိုင်မှာ အဆောက်အဦး ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ခန့်မှန်းပြော)

Continue Reading
အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု AA ပြော
စစ်ရေး သတင်း
1 min read
69

အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု AA ပြော

စက်တင်ဘာ ၁၄ - ၂၀၂၄
0

စစ်ရှောင်ပြည်သူများ၏ အဖိုးတန်ပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် ဆိုင်ကယ်၊ ကား စသည့် ပစ္စည်းများ ယူထားသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို အရေးယူအပြစ်ပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့သည် လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူမည်ဟု AA က ဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညက ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူထားကြသည်ကို ဓါတ်ပုံနှင့်တကွ AA က ဖော်ပြခဲ့သည်။ ULA/AA အစိုးရသည် ခိုးမှုများကို ကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး

Continue Reading
AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော
စစ်ရေး သတင်း
1 min read
138

AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော

စက်တင်ဘာ ၁၀ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသမှာ အာရက္ခတပ်တော် AA ကို အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဟု မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နိုင်ငံရေးဌာနက ပြောသည်။ RSO နိုင်ငံရေးဌာနအကြီးအကဲ ဦးကိုကိုလင်း အမည်ရှိသူနှင့် ရိုက်တာသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။ RSO မှာ အင်အား ၆,၀၀၀ ခန့်ရှိသည့်အနက်မှ အင်အား ၁,၀၀၀ ခန့်ဖြင့် AA ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ပေးလိုက်ရသည်ဟု RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။ “ဒီနှစ်အစောပိုင်းမှာ မောင်တောဒေသကို ကာကွယ်ဖို့

Continue Reading
သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA
စစ်ရေး ဆောင်းပါး
1 min read
341

သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA

စက်တင်ဘာ ၉ - ၂၀၂၄
1

(ဆောင်းပါး_Western News ရေးသည်) နေ့မနား ညမအား အရှိန်ဟုန်ပြင်းပြင်းနှင့် ခရီးနှင်နေသည့် အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် သိမ်းတိုက်ပွဲကြီး မှာ အောင်မြင်မှုများ ယနေ့ အထိ ၁၀ လကြာလာချိန်တွင် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့နှင့်အတူ ရခိုင်ပြည် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့တို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ အဆိုပါ တိုက်ပွဲများကို လေ့လာကြည့်သော် တိုက်ပွဲတစ်ပွဲတိုင်း မြို့တစ်ခုတိုင်း၏ စစ်ဆင်ရေးသည် AA အတွက် အရေးပါလှသော်လည်း သံတွဲမြို့သိမ်းတိုက်ပွဲမှာ ထူးခြားမှု ဇယာထိပ်ရောက်နေအောင် စိတ်ဝင်စရာ ကောင်းလှ ၏။ ဆိုလိုရင်းမှာ

Continue Reading
စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား
စစ်ရေး ရုပ်သံ သတင်း
1 min read
287

စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား

ဩဂုတ် ၃၀ - ၂၀၂၄
0

(နေဗီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရသေ့တောင်မှာ အရပ်သား ၂ ဦးသေဆုံး) ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။ အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။ ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။ Western News-WN

Continue Reading
ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး
စစ်ရေး သတင်း
1 min read
82

ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး

ဩဂုတ် ၃၀ - ၂၀၂၄
0

(ချင်းလူမျိုးဖြစ်၍ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း AA ပြောခွင့်ရပြော) စစ်ကောင်စီကို သတင်းပေးသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းမျိုးနွယ်စုဝင် ခူမီး အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်က ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြထားသည်။ ULA/AA က ပလက်ဝဒေသခံ ချင်းမျိုးနွယ်စုဝင် အရပ်သား ၁၅ ဦးကို ဖမ်းဆီးထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ယင်းအထဲက ခူမီးအမျိုးသား ၅ ဦးကို IKACC/PC နှင့်

Continue Reading
AA ၏ မောင်တောမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးအသုံးပြု
စစ်ရေး သတင်း
1 min read
95

AA ၏ မောင်တောမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးအသုံးပြု

ဩဂုတ် ၃၀ - ၂၀၂၄
0

အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီက ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများကို အသုံးပြုတိုက်ခိုက်နေကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ဩဂုတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီက မွတ်ဆလင်အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်းခုခံခဲ့သော်လည်း အဆင့်ဆင့်ခံစစ် ကျိုးပေါက်ပြီးနောက် ဩဂုတ်လ ၂၈ ရက်တွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသေးသော မြို့နှင့်ကပ်လျက်ရှိ မြို့စောင့်တပ်ဖြစ်သည့် နခခ ၅ တပ်စခန်းကြီးကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA, RSO တို့ဖြင့်

Continue Reading