စစ်ကောင်စီသည် AA ကို ရှုံးနိမ့်နေ၍ ရခိုင်ပြည်ကို လက်လွှတ်ရတော့မည်
မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘက်ဆုံးပြည်နယ်မှ နှင်ထုတ်ခံရလုနီးပါးဖြစ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပြန်ဖြစ်လာသော ပြည်တွင်းစစ် ပဋိပက္ခများများတွင် အကြီးမားဆုံးသော စစ်ရေးဆုံးရှုံးမှုများထဲမှ တစ်ခုဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ယနေ့ ဩဂုတ် ၂၇ ရက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA သည် တိုက်ခိုက်ရေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ရခိုင်ပြည်အနှံ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အကြီးဆုံးနယ်မြေကို ဖန်တီးရန် စီစဉ်နေကြောင်း International Crisis Group (ICG) က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နယ်စပ်တွင်
ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို AA ရင်ဆိုင်နေရ
တိုက်ပွဲပြင်းထန်နေသော သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို အာရက္ခတပ်တော် AA က ရင်ဆိုင်တိုက်ခိုက်နေရသည်ဟု ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ မောင်ရွှေလေးရေတပ်နှင့် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ အာဏာသိမ်းစစ်ကောင်စီသည် စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပေးနေသည့်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီး အာရက္ခတပ်တော် AA ကလည်း ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။ သံတွဲမြို့ပေါ်နှင့် ငပလီမြို့ကို အာရက္ခတပ်တော်
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA အုပ်ချုပ်ရေးစွမ်းရည်ကို ICG ဝေဖန်
အာရက္ခတပ်တော် AA သည် ရခိုင်ဒေသမှာ စစ်ရေးလမ်းကြောင်းကို ပြီးမြောက်စေရန် အလားအလာရှိနေသော်လည်း ၎င်း၏ နိုင်ငံရေးပါတီဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှာ အုပ်ချုပ်ရေးစွမ်းရည် ညံ့နေသည်ဟု International Crisis Group (ICG) က ဝေဖန်ထားသည်။ AA ၏ အစီရင်ခံစာများအပါအဝင် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ပတ်သက်ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ICG ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဝေဖန်ထားခြင်းဖြစ်သည်။ ရခိုင်ဒေသမှာ စစ်ကောင်စီ (မြန်မာစစ်တပ်) ကင်းစင်စေရေးကို AA က အစွမ်းကုန်တိုက်ခိုက် ကြိုးပမ်းနေပြီး ၎င်း၏ပါတီဖြစ်သော ULA မှာ အုပ်ချုပ်မှုကိစ္စရပ်များ လိုအပ်ချက်များရှိနေသည်ကို ICG က ဝေဖန်ထောက်ပြနေခြင်းဖြစ်သည်။
AA ခေါင်းဆောင်များ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောသင့်ကြောင်း ICG တိုက်တွန်း
(ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း AA နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်သင့်ဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများအား ကာကွယ်ပေးရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း International Crisis Group (ICG) အကြံပြုတိုက်တွန်းထားသည်။ ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ULA/AA နှင့် မြန်မာစစ်တပ် (စစ်ကောင်စီ) တို့ စစ်ရေးအခြေအနေအပေါ် ဆန်းစစ်သော အစီရင်ခံတစ်စောင်ကို ICG က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA အနေဖြင့် မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး မီးလောင်ဗုံးများ တောက်လောင်သကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများကို ရှောင်ရှားသင့်ကြောင်းလည်း
မောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ
(သတင်းတို) ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျှက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျှက်ရှိနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊
ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို
ရခိုင်ပြည် မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဩဂုတ်လ ၁၉ ရက်တွင် အဓိက အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ အာရက္ခတပ်တော် AA အား တောင်းဆိုထားသည်။
မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်
ရခိုင်ပြည် မောင်တောမြို့မှာ ၂၀၂၄ ဩဂုတ်လ ၅ ရက်နေ့က AA တိုက်ခိုက်မှုကြောင့် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်အပေါ် ULA/AA က ခွဲခြမ်းစိတ်ဖြာ အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါ အစီရင်ခံစာကို AA ပြောခွင့်ရ ဦးခိုင်သုခ တယ်လီဂရမ်ကတစ်ဆင့် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု
AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ မောင်တောမြို့ထဲက အဆင့်ဆင့်ခုခံနေတဲ့ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို AA က သိမ်းပိုက်