မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး
စစ်ရေး သတင်း
1 min read
197

မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး

ဇွန် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲ သေနတ်ကျည်ဆံများနှင့် မော်တာပေါက်ကွဲမှုများ ဘင်္ဂလားဒေ့ရှ်ပိုင် နယ်စပ်သို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထပ်မံပစ်ခတ်ပါက ပြန်ပစ်ခတ်ရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးပြောကြားလိုက်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်နှင့် အလွန်နီးစပ်ပြီးသည့် မြို့ဖြစ်သည်။ စစ်ကောင်စီတပ်နှင့် AA ပစ်ခတ်သော ကျည်များ၊ လက်နက်ကြီးများမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နယ်မြေသို့ ကျရောက်နေ၍ နောက်ထပ်မဖြစ်ပွားစေရန် နှစ်ဖက်စလုံးကို သတိပေးထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ ” မြန်မာစစ်တပ်နဲ့ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို့ သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ သူတို့က ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တစ်ခါစ်တရံ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။

Continue Reading
တောင်ကုတ်တက္ကသိုလ်ဝန်းမှာ စစ်ကောင်စီဝင် အင်အား ၁၀၀ ကျော် တပ်စွဲထား
စစ်ရေး သတင်း
1 min read
76

တောင်ကုတ်တက္ကသိုလ်ဝန်းမှာ စစ်ကောင်စီဝင် အင်အား ၁၀၀ ကျော် တပ်စွဲထား

ဇွန် ၁၉ - ၂၀၂၄
0

Continue Reading
ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ
စစ်ရေး သတင်း
1 min read
541

ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ

ဇွန် ၁၉ - ၂၀၂၄
0

ပုံစာ - တောင်ကုတ်တက္ကသိုလ် ခြံဝန်းထဲ စစ်ကောင်စီတပ်သားများတွေ့ရစဥ်

Continue Reading
AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
စစ်ရေး သတင်း
1 min read
456

AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

ဇွန် ၁၈ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။ လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။ ” နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ

Continue Reading
တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
သတင်း
1 min read
285

တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ဇွန် ၁၇ - ၂၀၂၄
0

ပုံစာ - ယနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော တောင်ကုတ်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး နေအိမ်နှင့်ကား တွေ့ရစဉ်။ (ဓါတ်ပုံ - Kaung Myat Htet)

Continue Reading
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
နိုင်ငံရေး ရုပ်သံ သတင်း
1 min read
524

မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)

မေ ၂၆ - ၂၀၂၄
2

မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)

Continue Reading
အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA
ဆောင်းပါး
1 min read
3859

အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA

မေ ၁၃ - ၂၀၂၄
0

ဇော်ထွန်း (မြောက်ဦး)_ရေးသားသည် အာရက္ခအမျိုးသားရေးဝါဒ (Arakha Nationalism)၊ ဒီမိုကရေစီ (Democracy) နှင့် မာရက်တိုကရေစီ (Meritocracy) တို့ကို နိုင်ငံရေးယုံကြည်ချက်များအဖြစ် ပိုမိုနှစ်ခြိုက်သော အာရက္ခတပ်တော်သည် “ဝထက် မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်အတန်းကို ရလိုသည်” ဟူ၍ တရားဝင်ထုတ်ဖော်ပြောဆိုကာ တော်လှန်ရေး ဆင်နွှဲလျက်ရှိနေသည်။ ရက္ခိုင်တပ်မတော်မှ ရက္ခိုင့်တပ်တော်၊ အာရက္ခတပ်တော် (Arakan Army-AA) စသဖြင့် ပြောင်းလဲလာခဲ့ပြီး ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များမှသည် အားလုံးပါဝင်သော (သို့မဟုတ်) နိုင်ငံနှင့်ထိုက်တန်သော အမျိုးသားရေးအမြင်များသို့ တစ်စစကူးပြောင်းလျက် ဘုံအမျိုးသားလုံခြုံရေးတပ်နှင့် ဘုံအမျိုးသားအမှတ်သညာများကို တည်ဆောက်လျက်ရှိနေသည်ဟု နားလည်ရသည်။  ဆုံးရှုူံးသွားသော အချုပ်အခြာအာဏာကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသော်လည်း ပြောင်းလဲနေသော ခေတ်ကာလနှင့် မိမိတို့၏ ပေါက်မြောက်အောင်မြင်မှုများအပေါ် မူတည်လျက်

Continue Reading
လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
170

လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

မေ ၁၀ - ၂၀၂၄
1

(ဓါတ်ပုံသတင်း) အသက်ဘေးမှ လွတ်မြောက်ရန် စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသော မွတ်ဆလင်များကို အာရက္ခတပ်တော် AA က ကူညီဆောင်ရွက်ပေးနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဓါတ်ပုံနှင့်တကွ ထုတ်ပြပြောဆိုသည်။ ကိုယ်ကျိုးစီးပွားရှာနေသော မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ ထိုးနှက်နေသော်လည်း အာရက္ခစစ်သည်တော်များမှာ ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ X လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားပြောဆိုထားသည်။ ဗိုလ်ချုပ်၏ ရေးသားချက်အပြည့်အစုံမှာ ” ကိုယ်ကျိုးရှာပြီး မိမိကိုယ်မိမိ ထင်မြင်ယူဆထားသော အကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် သစ္စာစောင့်သိသော လက်ကိုင်တုတ်များ ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် တာဝန်ကျေပွန်မှု၊ အကြောက်တရားကင်းမဲ့မှု၊ သက်ညှာမှု၊ အနိုင်ယူမှုတွေနဲ့ ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားလျက်၊ ‘သူတို့က ငါတို့ရဲ့ အဖပြည်အတွက်

Continue Reading
စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 
သတင်း
1 min read
1028

စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 

မေ ၂ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့က စကခ ၁၅ ဌာနချုပ်နှင့် ကျီးကန်းပြင်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်တင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။  စကခ ၁၅ (အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်) သည် ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီ၏ အကြီးဆုံး တပ်စခန်းတစ်ခုဖြစ်ပြီး ကျီးကန်းပြင်ဌာနချုပ်သည်လည်း မောင်တောမြို့နယ် အမှတ် ၁ နယ်ခြားစောင့်စခန်း၏ အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်သည်။  သတင်းရင်းမြစ်တစ်ဦးက ” AA က ဘူးသီးတောင်နဲ့ မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်ဖို့ တပ်စခန်းကြီးတွေ၊ ဌာနချုပ်တွေကို ထိုးစစ်အရှိန်မြှင့်နေတယ်။ အနီးအနားက တပ်စခန်းငယ်တွေကို ဝိုင်းပိတ်ဆို့ သိမ်းပိုက်နေတယ်။ ဘူးသီးတောင်၊ မောင်တောမှာ တပ်စခန်းတွေ များသလောက် အင်အားလည်း များကြပါတယ်။

Continue Reading
သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ
နိုင်ငံရေး သတင်း
1 min read
557

သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ

ဧပြီ ၂၆ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ‌AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယနေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေသည်။ ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။

Continue Reading