UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ
သတင်း
1 min read
191

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

ဧပြီ ၂၄ - ၂၀၂၄
1

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏ ဇာတ်ကောင်ထဲတွင် ပစ်မှတ်ထားခံနေရပြီး နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားရန် ခွင့်မပြုသင့်ကြောင်း၊ စစ်အာဏာရှင်အား တော်လှန်နေသော အာရက္ခတပ်တော် AA ကို မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်ပြီး လက်ရှိလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် တန်းတူထား ပြောဆိုခြင်း၊ ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်ခံနေရသည်ကို မျက်ကွယ်ပြုပြီး မွတ်ဆလင်များသာ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်ဟု ပြောဆိုခြင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကျူးလွန်နေသည့်

Continue Reading
AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
နိုင်ငံရေး
1 min read
839

AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ

ဧပြီ ၁၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။ စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့်

Continue Reading
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
နိုင်ငံရေး သတင်း
1 min read
186

AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ

ဧပြီ ၁၂ - ၂၀၂၄
0

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ “ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက

Continue Reading
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
သတင်း
1 min read
571

AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ

ဧပြီ ၇ - ၂၀၂၄
0

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ ၂၀၂၃ နိုဝင်ဘာလ

Continue Reading
မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေ
နိုင်ငံရေး ရုပ်သံ သတင်း အင်တာဗျူး
1 min read
671

မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေ

ဧပြီ ၆ - ၂၀၂၄
1

မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ ဒေသခံ သောင်းနှင့် ချီထွက်ပြေး (မေးမြန်းချက်)

Continue Reading
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် AA စစ်သမီးများ ပါဝင်တိုက်ခိုက်
သတင်း
1 min read
1062

ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် AA စစ်သမီးများ ပါဝင်တိုက်ခိုက်

ဧပြီ ၆ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA ၏ စစ်မယ်များကပါ ပါဝင်တိုက်ခိုက်လာကြောင်း AA က ဓါတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။  ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၈ နာရီက အပြီးသတ်သိမ်းပိုက်ခဲ့သော ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား တိုက်ခိုက်ရာတွင် စစ်မယ်များပါ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း AA က ပုံနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။  စစ်ကောင်စီ၏ အရေးပါသော စကခ (၁၅) လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ဧပြီလ ၁

Continue Reading
ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့
နိုင်ငံရေး သတင်း
1 min read
546

ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့

ဧပြီ ၆ - ၂၀၂၄
0

တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်အရေး တည်ငြိမ်အေးချမ်းမှုရှိစေရန် အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်အစိုးရက ကုလအစည်းအဝေးတွင် ဧပြီလ ၄ ရက်နေ့က ပြောကြားခဲ့သည်။  ထိုသို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် AA နှင့် မညှိနှိုင်းခင် ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်များဖြင့် တွေ့ဆုံခဲ့သည်။  မြန်မာ့နှစ်သစ်ကူးအကြို ခေါင်းစဉ်ဖြင့် သံအမတ်ကြီး Mr. Chen Hai အဖွဲ့သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် အာဏာရှင်ဟောင်း

Continue Reading
၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
သတင်း
1 min read
849

၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်

ဧပြီ ၅ - ၂၀၂၄
0

ဧပြီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည် ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA မှ ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။  စစ်ကောင်စီ၏ ၅၆၄ တပ်ရင်းဌာနချုပ်ကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တပ်ရင်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ကြေညာထားသည်။  ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။  စစ်ကောင်စီသည် ဘူးသီးတောင်မြို့၏ အရေးပါသော ခမရ

Continue Reading
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
နိုင်ငံရေး သတင်း
1 min read
1142

စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော

ဧပြီ ၅ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။  ယမန်နေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့ကြောင်း ဧပြီလ ၅ ရက်တွင် တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြသည်။  တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Geng ကတိပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”

Continue Reading
ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ
သတင်း
1 min read
362

ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ

ဧပြီ ၄ - ၂၀၂၄
0

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရကြောင်း ULA/AA ၏ HDCO က ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  HDCO သည် ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံး ဖြစ်ပြီး ရခိုင်စစ်ပွဲ ၄ လကျော်ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။  သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ထုတ်ပြန်စာရင်းတွင် ဖော်ပြထားသည်။  မတ်လ

Continue Reading