ရခိုင်မှာ တစ်အိမ်တစ်ယောက်ကျ AA က စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းထွက်
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ တစ်အိမ်တစ်ယောက်ကျ AA က စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းထွက်

မတ် ၁၈ - ၂၀၂၅
1

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းခေါ်ယူသွားမည်ဟု ဒေသခံပြည်သူများကြားတွင် သတင်းထွက်ပေါ်နေသည်။ ယခင်က အလျဉ်းသင့်သလို စစ်မှုထမ်းများ ခေါ်ယူခဲ့သော်လည်း လာမည့် လများတွင် တစ်အိမ်တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူသွားမည်ဟု မြေပြင်တာဝန်ရှိသူများက ပြည်သူများအား သတင်းစကားပါးထားကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းခေါ်ယူရန် အာရက္ခတပ်တော် AA တွင် မြို့နယ်အလိုက် ခေါ်ယူရေးကော်မတီ ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုနေခြင်းနှင့် မကြာခင်ခေါ်ယူတော့မည်ဟုလည်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “မဖြစ်မနေ တစ်အိမ်တစ်ယောက်ကျ ဝင်ရမယ်ဆိုပြီး ပြောပါတယ်။ မိသားစုထဲက တစ်ယောက်ယောက် တပ်ထဲဝင်ထားတာရှိတယ်ဆိုရင်တော့ ထပ်ဝင်စရာ မလိုတော့ဘူးတဲ့။ ရွာမှာ အစည်းဝေးခေါ်ပြီးပြောတယ်။ ကျနော်တို့ ရွာနည်းတူ တခြားရွာတွေလည်း ဒီအတိုင်းပဲကြားပါတယ်။

Continue Reading
လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော
စစ်ရေး သတင်း
1 min read
0

လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော

မတ် ၁၁ - ၂၀၂၅
1

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော နယ်မြေများနှင့် စစ်ရေးအောင်မြင်မှုများသည် အစမ်းသပ်ခံ ကာလဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် တအောင်းတပ် TNLA တို့က ပြောသည်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ပြောဆိုထားခြင်းဖြစ်သည်။ “လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။

Continue Reading
ကျပ်သန်းပေါင်းများစွာ တန်ဖို့ရှိ ဟိုတယ်၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား AA/ULA ချိပ်ပိတ်
စီးပွားရေး သတင်း
1 min read
0

ကျပ်သန်းပေါင်းများစွာ တန်ဖို့ရှိ ဟိုတယ်၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား AA/ULA ချိပ်ပိတ်

မတ် ၁၀ - ၂၀၂၅
3

(စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင် ပိုင်ဆိုင်မှုများလည်း ပါဝင်) အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် မြို့နယ်မျာအတွင်းက ဟိုတယ်များ၊ မိုတယ်များ၊ လုပ်ငန်းများ၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအားလုံးကို AA က ချိပ်ပိတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်သူများနှင့် သတင်းရင်းမြစ်များ က Western News ကို ပြောသည်။ ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ကူးလူးဆက်သွယ် ပေါင်းသင်းနေသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို AA က အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့အပြင် ငပလီတွင် စစ်တပ်နှင့် ပေါင်းကာ ခရိုနီများက သိမ်းယူခဲ့သည့် ငပလီဒေသခံများ၏ ပိုင်ဆိုင်သော မြေဧက ထောင်ပေါင်းများစွာကိုလည်း ULA/AA က ချိပ်ပိတ်ထားသည့်ထဲတွင် ပါဝင်ကြောင်း

Continue Reading
ရခိုင်ဒေသထွက် အရက်များကို သောက်သုံးရန် သင့်မသင့် AA က စစ်ဆေးသွားမည်
စီးပွားရေး သတင်း
1 min read
0

ရခိုင်ဒေသထွက် အရက်များကို သောက်သုံးရန် သင့်မသင့် AA က စစ်ဆေးသွားမည်

မတ် ၁၀ - ၂၀၂၅
3

အာရက္ခတပ်တော် ထိန်းချုပ်ဒေသ လွတ်မြောက်နယ်များတွင် ပြည်မနှင့် ပြည်ပ အရက်များ ရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်ခံရပြီးနောက် ဒေသထွက် အရက်များ ထုတ်လုပ်ရောင်းချမှု များပြားလာကြသည်။ အရက်က တစ်ဆင့် ဝိုင်ထုတ်လုပ်သည့် အဆင့်သို့ ဒေသခံပြည်သူများမှာ ထုတ်လုပ်ရောင်းချလာကြပြီး အများပြည်သူ သောက်သုံးရန်သင့်မသင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာရက္ခတပ်တော် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အစားသောက်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်မယ့် FDA အဖွဲ့ ဖွဲ့ထားတာရှိပါပြီ။ အခု ထုတ်လုပ်ရောင်းချနေကြတဲ့ ဝိုင်တွေကိုလည်း ဒီအဖွဲ့က စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သောက်သုံးလို့ အဆင်မပြေတဲ့ အရာတွေထည့်ထားရင် ဒါကိုရောင်းချခွင့်မပြုပါဘူး” ဟုပြောသည်။ အရက်များ၊ ဝိုင်များအပြင် ဒေသထွက် အခြားသော စားသောက်ကုန်များကိုလည်း အများပြည်သူ စားသုံးရန်သင့်မသင့်

Continue Reading
ULA/AA ထိန်းချုပ်မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ၊ ဂိတ်ကြေးများ အဆ မတန်ပေးဆောင် နေရ
နိုင်ငံရေး သတင်း
1 min read
0

ULA/AA ထိန်းချုပ်မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ၊ ဂိတ်ကြေးများ အဆ မတန်ပေးဆောင် နေရ

မတ် ၆ - ၂၀၂၅
4

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး တစ်ချို့နေရာများတွင် ဈေးနှုန်းများမှာ အဆမတန် မြှင့်တင် ရောင်းချနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ကထက် ယခု ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေပြီး ဒေသအတွင်း ထုတ်ကုန်များ မရှိသည့်အပြင် အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်က ဝင်လာသည့် ကုန်ပစ္စည်းများမှာလည်း မြင့်တက်နေသည်။ ယင်းကဲ့သို့ ဖြစ်ရသည့်အကြောင်းအရင်း နှစ်ချက်မှာ ကုန်သည်များက ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေသလို နောက်တစ်ချက်မှာ ULA/AA က ကုန်ဈေးနှုန်းများကို မထိန်းချုပ်သေးကြောင်းဟု ကုန်သည်များက ပြောသည်။ ရခိုင်ပြည်အတွင်း ကုန်သည်တစ်ဦးက “ဒီလိုဖြစ်တာက နှစ်ပိုင်းရှိတာပေါ့နော်။ ပထမတစ်ပိုင်းက ကုန်ပစ္စည်းတွေကို ပြည်မဖက်က

Continue Reading
AAနှင့် ပူးပေါင်း တပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

AAနှင့် ပူးပေါင်း တပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး

မတ် ၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း၊ ပဒါန်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့သည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏ ရက်လည်ဆွမ်းသွပ် တရားနာကို မတ်လ ၁ ရက်နေ့ က နေပြည်တော် ပျဥ်းမနားမြို့ ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း လူမူကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏

Continue Reading
သာပေါင်းမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

သာပေါင်းမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းကစ၍ သာပေါင်းမြို့နယ် အနန်းကုန်း၊ ခွေကုတ်နှင့် သာပေါင်းလေး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ပုသိမ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မနေ့က မနက်ပိုင်းကစပြီး အနန်းကုန်း၊ ခွေးကုတ်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က အင်အား အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလည်း လေယာဉ်တွေ၊ လေထီးတပ်တွေနဲ့ ပြန်ခုခံနေတယ်လို့ ပြောတယ်” ဟု ပြောသည်။ သာပေါင်းမြို့နှင့် ရေကြည်မြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၄၄

Continue Reading
ပဲခူးနှင့် မကွေးက စစ်ကောင်စီတပ်စခန်းနှစ်ခုကို AA တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ပဲခူးနှင့် မကွေးက စစ်ကောင်စီတပ်စခန်းနှစ်ခုကို AA တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၅ - ၂၀၂၅
0

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိသည့် နတ်ရေကန်ဗျူဟာ စစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ညောင်ကျိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့် ရှိလာနေပြီး နတ်ရေကန်ဗျူဟာ တပ်စခန်းသိမ်းတိုက်ပွဲမှာလည်း ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “တိုက်ပွဲကတော့ နှစ်နေရာစလုံးမှာ ပြင်းပြင်းထန်ထန်ပဲ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံး များတယ်လို့ သိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကူဖြည့်ပေးတာကိုတော့ စစ်ကောင်စီက တောက်လျှောက်လုပ်ပေးနေတာပေါ့လေ။ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း အသားကုန်ဆော်နေကြတာ” ဟု ပြောသည်။ စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင်

Continue Reading
အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်
စစ်ရေး သတင်း
1 min read
0

အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ “အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်” ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။ အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး

Continue Reading
သိမ်းပိုက်ထားသည့် မြို့နယ်များတွင် ULA/ AA က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်
ဓါတ်ပုံသတင်း သတင်း
1 min read
0

သိမ်းပိုက်ထားသည့် မြို့နယ်များတွင် ULA/ AA က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

ဖေ‌ဖော်ဝါရီ ၂၃ - ၂၀၂၅
3

ပလက်ဝအပါအဝင် သိမ်းပိုက်ထားသော မြို့နယ်များအတွင်း အာရက္ခတပ်တော် ULA/ AA အစိုးရမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ ULA/ AA ၏ ပြည်သူ့ အစိုးရမှ ပြီးခဲ့သည့် ဇန်နဝါရီ လမှ စတင်ပြီး မီးသတ်ဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး သိမ်းပိုက်ခဲ့သည့် မြို့နယ် ၈ မြို့နယ်နီးပါးတွင် လုပ်ဆောင်ခဲ့သည်။ မြောက်ဦးမြို့ခံတစ်ဦးက “ကျွန်တော်တို့ သိသလောက် ကတော့ မြို့နယ် ၈ မြို့နယ်ကို စတင်လုပ်နေတယ်ပေါ့နော်။ ကြိုတင် ကာကွယ်ပြင်ဆင်မှုတွေ လုပ်တယ်။ ပြီးတော့ အသိပေး စာရွက်စာတမ်းတွေ မျှဝေတယ်။ အသိပညာပေး

Continue Reading