ရခိုင်လူငယ် ကိုသူရိန်ထွန်း ကို စစ်ကောင်စီက ထောင်သုံးနှစ် ချမှတ်
အနုပညာ အလုပ် လုပ်ကိုင်နေသော ရခိုင်လူငယ် တစ်ဦးကို ရခိုင်ပြည်၊ စစ်တွေမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင် သုံးနှစ်ချမှတ်လိုက်ကြောင်း ကာယကံရှင်ဖြစ်သူ က Western News ကို ပြောသည်။ အသက် ၂၉ နှစ်ရွယ်ရှိ ရခိုင်အနုပညာ အလုပ်ကို လုပ်ကိုင်နေသူ ကိုသူရိန်ထွန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် စစ်တွေမြို့ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ကိုသူရိန်ထွန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးက မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ခြင်း
ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်
AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား
အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ်
ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့်
၉၉ ခြေလျင်တပ်မဌာနချုပ်မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကို AA က အရှင်ဖမ်းမိ
မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး AA က အရှင်ဖမ်းဆီးရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်သည်။ အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွား
ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အာရက္ခတပ်တော် AA အင်အား ၁၀၀ ကျော်လောက်က ကျေးရွာကို ဝိုင်းရံ ပိတ်ဆို့ပြီး စစ်မှုထမ်းရန်အတွက် ကျေးရွာအတွင်း မြိုလူမျိုး ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်းသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ ယင်းခုံတိုင်ကျေးရွာသည် မောင်တောမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး အိမ်ခြေ ၁၈၆ အိမ်ခြေရှိသည့်
စစ်တွေမြို့အနီးမှာ လက်နက်ကြီး ပစ်ခတ်သံများကြားရ
ရခိုင်ပြည် စစ်တွေမြို့အနီးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ကျယ်လောင်သည့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့ခံများမှာ နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ “မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု
AA ကို တိုက်ခိုက်ရန် မွတ်ဆလင်ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးက အထူး စစ်သင်တန်း ပေးနေ
အာရက္ခတပ်တော် AA ကို တန်ပြန်ခိုက်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကော့ဘဇားရှိ ကုတူပလောင်ဒေသတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များကို ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ပေးနေသည်။ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) သည် မွတ်ဆလင် ဒုက္ခသည်များအတွက် “အထူးပြု” ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ခဲ့ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ကော့ဘဇားခရိုင်ခွဲ Ukhia ခရိုင်ခွဲရှိ 1W ဒုက္ခသည်စခန်းတွင် လက်နက်များအသုံးပြုခြင်းနှင့် ထောက်လှမ်းရေး
AA ကို ပြန်တိုက်ခိုက်ရန် ပဲခူးတိုင်းတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် သာယာဝတီခရိုင်ထဲက ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေသည်ဟု စုံစမ်း သိရသည်။ ပန်းတောင်းမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။ “စစ်ကောင်စီဟာ ပြည်မြို့နဲ့ ဥသျှစ်ပင်ဘက်ကနေ အင်အား ၁၀၀၀ ခန့်ပါတဲ့ စစ်ကောင်စီ ၂၅ စီးကို ပန်းတောင်းမြို့နယ်ဘက်ကို အင်အားဖြည့် ပို့ထားသလို သာယာဝတီခရိုင်ထဲမှာလည်း ပျူစောထီးတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ အင်အားဖြည့်တာမှာ အမြောက်တပ်၊ ကွန်မန်ဒိုတပ်လည်း ပါပါတယ်။ ရခိုင်ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ
သိမ်းပိုက်ထားသည့် မြို့များတွင် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေ (ဓါတ်ပုံသတင်း)
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော မြို့များတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စနစ်တကျဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင်ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။