စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အခြေစိုက်ပေါင်း ၁၇၄ ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော Institute for Strategy and Policy- Myanmar (ISP Myanmar) ၏ အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားသည်။ တိုင်းစစ်ဌာနချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်း ၁၄၁ ခုထက်မနည်းမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ထဲကဖြစ်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ၏ အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ရှမ်းပြည်နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင်

Continue Reading
ရခိုင် ရိုးမကို ကျော်လွန်ပြီး စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း
စစ်ရေး သတင်း
1 min read
0

ရခိုင် ရိုးမကို ကျော်လွန်ပြီး စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော ရခိုင်ရိုးမတောင်းတန်းအထက်ရှိ မိုးထိတောင်စခန်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ရခိုင်ရိုးမတောင်းတန်းအထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ပြီးခဲ့သည့် ၅ ရက်ခန့်ကြာ AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အလောင်းအချိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုအပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းအား ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၁

Continue Reading
Fortify Rights ဖော်ထုတ်သည့် စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ အာရက္ခတပ်တော် AA ဝန်ခံ
စစ်ရေး သတင်း
1 min read
0

Fortify Rights ဖော်ထုတ်သည့် စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ အာရက္ခတပ်တော် AA ဝန်ခံ

ဇန်နဝါရီ ၂၄ - ၂၀၂၅
0

(စစ်သုံ့ပန်းများအပေါ် ကျူးလွန်ခဲ့သည့် တပ်မှူးနှင့်ပါဝင်ပတ်သက်သူများကို အရေးယူထားပြီဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ထုတ်ထားသည်။ AA တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို မြေကျင်းတစ်ခုရှေ့တွင် လည်လှီးသတ်ဖြတ်ခြင်း၊ ခုတ်ထစ်ခြင်းပြုလုပ်သည့် ဗီဒီယိုဖိုင်အား လက်ခံရရှိထားသည်ဟု Fortify Rights က ဆိုသည်။ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ

Continue Reading
မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ
စစ်ရေး သတင်း
1 min read
0

မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ

ဇန်နဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောမြို့နယ်က မြိုလူမျိုးများကို AA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ် ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၉၁ ဦး အာရက္ခတပ်တော် AA က စစ်မှုထမ်းရန် ခေါ်ယူသွားသည်ဟု မိသားစုဝင်များနှင့် မြိုအချို့က Western News ကို ပြောဆိုထားသည်။ မြိုလူမျိုးများအား စစ်မှုထမ်းရန် ခေါ်ယူခြင်းရှိမရှိနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလိုတုန့်ပြန် ပြောဆိုထားသည်။ “ဘူးသီးတောင်၊

Continue Reading
စစ်တွေက အရပ်သား ၁ဦးကို စစ်ကောင်စီသတ်ဖြတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေက အရပ်သား ၁ဦးကို စစ်ကောင်စီသတ်ဖြတ်

ဇန်နဝါရီ ၂၃ - ၂၀၂၅
0

ရခိုင်ပြည်၊ စစ်တွေမြို့က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သတ်ဖြတ်ပြီး မိသားစုဝင်များအား အသိပေးခြင်း မရှိဘဲ အလောင်းအား မြေမြုပ် သင်္ဂြိုလ်လိုက်ကြောင်း စစ်တွေမြို့ ဒေသခံများက Western News ကိုပြောသည်။ စစ်တွေမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ်ရှိ ဦးကျော်လင်း မှာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “သူက စစ်တွေကနေ ၁၉ ရက်နေ့ က သူ့ရွာကို သွားတာပါ။ စံပြရပ်ကွက်သို အပြန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ဆုံးနေတော့ တပ်ထဲမှာ အသတ်ခံလိုက်ရတယ်လို့

Continue Reading
မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား
စစ်ရေး သတင်း
1 min read
0

မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။ မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး

Continue Reading
စစ်ဆေးနေသည့် ကုန်တင်သင်္ဘော သုံးစီးအနက် နှစ်စီးကို AA က ပြန်လွှတ်ပေး
စီးပွားရေး သတင်း
1 min read
0

စစ်ဆေးနေသည့် ကုန်တင်သင်္ဘော သုံးစီးအနက် နှစ်စီးကို AA က ပြန်လွှတ်ပေး

ဇန်နဝါရီ ၂၁ - ၂၀၂၅
1

(AA လွှတ်ပေးသော ကုန်သင်္ဘောများ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းရောက်ရှိ) အာရက္ခတပ်တော် AA သည် ရန်ကုန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘော ၃ စီးကို ရခိုင့်ပင်လယ်ပြင် နတ်မြစ်ဝတွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မှ ထွက်ခွာလာသော ကုန်တင်သင်္ဘောများကို ဇန်နဝါရီလ ၁၆ ရက်နေ့က မောင်တော နတ်မြစ်ဝတွင် စစ်ဆေးနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်တွင် သင်္ဘောနှစ်စီးအား AA က ပြန်လွှတ်ပေးလိုက်သည်ဟု The Business Standard သတင်းက ဖော်ပြသည်။ အာရက္ခတပ်တော် AA ထံမှ လွတ်မြောက်လာပြီးနောက် ကုန်တင်သင်္ဘောနှစ်စင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပင် ကုန်ပစ္စည်းတန်ချိန် ၁၅၀၀

Continue Reading
ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်
စစ်ရေး သတင်း
1 min read
0

ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်

ဇန်နဝါရီ ၁၆ - ၂၀၂၅
1

အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြေညာပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါသေဆုံးခဲ့သလို ၆၀ ဦးနီးပါးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။ ယင်းအပြင် အာရက္ခတပ်တော် AA ၏ နယ်မြေခံ ထိပ်ပိုင်းခေါင်းအချို့လည်း ဗုံးဒဏ်ကြောင်း သေဆုံးသွားသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း Western News က စုံစမ်းရရှိထားသည်။ ထိုကြောင့် အာရက္ခတပ်တော် AA သည် သိမ်းပိုက်ထားသော

Continue Reading
AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

ဇန်နဝါရီ ၁၃ - ၂၀၂၅
2

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။ ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။ “ALP

Continue Reading
စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
စစ်ရေး သတင်း
1 min read
0

စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ

ဇန်နဝါရီ ၁၀ - ၂၀၂၅
1

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။ ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ

Continue Reading