မောင်တော နခခ ၅ က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ခဲ့သော မောင်တောမြို့စောင့်တပ် နခခ ၅ က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်
ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့အား မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များကို စည်းရုံးပြီး လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခများအား ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက် အောက်ခံ မွတ်စလင်
ARSA ဖမ်းထားသည့် ရခိုင်လူမျိုး ၅ ဦးက ဘူးသီးတောင်၊ မောင်တောဒေသတွင် AA တပ်ပြန်ဆုတ်ရန် တောင်းဆို
စစ်သွေးကြွ ARSA မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့က ရခိုင်ပြည် ရသေ့တောင်နှင့် ဘူးသီးတောင်ဒေသခံ အရပ်သား ၅ ဦးကို ဖမ်းဆီးပြီး နှိက်စက်ထားသည်ကို ဗီဒီယို တစ်ခုကို ARSA က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ အရပ်သား ၅ ဦး ဖမ်းဆီးခံရသည့် ရက်စွဲကို Western News က အတိအကျမသိရသေးသော်လည်း အဆိုပါ ဒေသခံ ၅ ဦးကို ARSA က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ARSA အဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုဟု ယူဆရသည့် မျက်နှာတွင် သွေးထွက်သံယိုဒဏ်ရာများ၊ ဖူးရောင်နေသည့်
AA ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော ခြေလျင်တပ်ရင်းများ လမ်းတွင် ထွက်ပြေး၊ တပ်ရင်းတစ်ချို့ စစ်ဆေးခံနေရ
အာရက္ခတပ်တော် AA ကို ဆက်လက်တိုက်ခိုက်ရန်အတွက် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို စေလွှတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို ပြီးခဲ့သည် နိုဝင်ဘာ လက ရခိုင်ဖက်ကို စေလွှတ်ခဲ့ရာတွင် တပ်သားများသည် ထွက်ပြေးသွားကြောင်း သိရသည်။ ယင်းတို့မှာ အနောက်တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၁၊ ခလရ ၅၁၊ ခလရ ၆၃နှင့် ရန်ကုန်တိုင်း လက်အောက်ခံ ခမရ ၅၃၂ တပ်များဖြစ်ကြပြီး အခြားတပ်ရင်းများမှာ
စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်”
နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ
ရခိုင်ပြည် မောင်တောမြို့စောင့်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ထဲက အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးလိုက်ပြီဟု သိရသည်။ မွတ်ဆလင်တပ်သားများနှင့်အတူ ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “တိုက်ပွဲထဲမှာ ဖမ်းမိရတာပါ။ တိုက်ပွဲက တိုက်လို့တိုက်လို့ သွားတာ။ သူရိန်ထွန်းက ထွက်ပြေးသွားတာဆိုတော့လေ။ မနေ့က ညနေ ၅ နာရီလောက်မှာ တိုက်ပွဲထဲမှာ ဖမ်းမိပါတယ်။
မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ
ရခိုင်ပြည် မောင်တောမြို့နယ်တွင် စစ်ကောင်စီအတွက် တစ်ခုတည်းကျန်ရှိနေသော နယ်ခြားစောင့်တပ်စခန်း နခခ ၅ မြို့စောင့်တပ်ကို အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။
ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ
ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။ အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။ ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား
အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်
ရခိုင်ပြည် အမ်းမြို့နှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ အင်အား ၃၀၀ ကျော်ပါသည့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ တပ်သားအများအပြားလည်း သေဆုံးသည်ကို တွေ့ရပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)