စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ
ဗီဒီယိုသတင်း သတင်း
1 min read
144

စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ

August 29, 2024
0

စစ်ကောင်စီအုပ်စိုးထားတဲ့ ရခိုင်ပြည် စစ်တွေမြို့မှာ နေအိမ်တွေဟာ ဖောက်ထွင်းခံရမှု ပိုများပြားလာပြီး တန်ဖိုးရှိပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ပျောက်ဆုံးနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖောက်ထွင်းခံရတဲ့ရပ်ကွက်တွေက မင်းဂံ၊ စက်ရုံစု၊ ကုန်တန်း၊ ကျည်းပင်တန်း၊ ရွှေပြား၊ ဓညဝတီ၊ ကသဲရပ်ကွက်စတဲ့ နေရာတွေဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေမရှိဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။ ဖောက်ထွင်းခိုးယူသူတွေဟာ တန်ဖိုးရှိပစ္စည်းတွေယူဖို့ နေအိမ်ကိုပါ ဖျက်ဆီးပစ်ကြတယ်လို့ အခုရက်ပိုင်းအတွင်း ရေခဲသေတ္တာ အခိုးခံလိုက်ရတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။ ပစ္စည်းခိုးယူသူတွေဟာ အုပ်စုဖွဲ့တွေဖြစ်ကြပြီး တစ်ဖွဲ့မှာ သုံးယောက်ကနေ ၆ ယောက် ၈ ယောက်အထိရှိကာ အဲဒီအထဲမှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေနဲ့

Continue Reading
ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
နိုင်ငံရေး
1 min read
263

ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

June 20, 2024
0

ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။ စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။ မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု

Continue Reading