ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ
သတင်း
1 min read
299

ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ

April 4, 2024
0

ရခိုင်က HIV လူနာအများစုမှာ ART ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း HIV လူနာများကပြောသည်။ ဆေးပြတ်လပ်နေသည့် လူနာများမှာ အများအားဖြင့် ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မြို့နယ်များမှ လူနာများဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင်လည်း ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေကြရကြောင်း သိရသည်။ HIV လူနာများအတွက် ART ဆေးကို ယခင်မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှတစ်ဆင့် အခမဲ့ထုတ်ပေးခဲ့ပြီး လက်ရှိတွင် ထိုကဲ့သို့ တာဝန်ယူထုတ်ပေးသူများမရှိတော့၍ များစွာအခက်တွေ့နေရသည်ဟု မြောက်ဦးဒေသခံ HIV လူနာတစ်ဦးက ပြောသည်။ ” အရင်တုန်းကဆို လစဥ်ကျန်းမာရေးဌာနကနေ ထုတ်ပေးနေတော့ အဆင်ပြေပါတယ်။ အခုဆေးကုန်လို့ ဆေးထုတ်ဖို့ မေးမြန်းကြည့်တော့ ဆေးမရှိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ”

Continue Reading