ရခိုင်က နေရပ်စွန့်ခွာရသူ ၅၇၀,၀၀၀ နီးပါး အကူအညီလိုအပ်နေဟု ICRC ပြော
ကျန်းမာရေး ဒုက္ခသည်အရေး သတင်း
1 min read
0

ရခိုင်က နေရပ်စွန့်ခွာရသူ ၅၇၀,၀၀၀ နီးပါး အကူအညီလိုအပ်နေဟု ICRC ပြော

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၅၇၀,၀၀၀ နီးပါးမှာ အကူအညီများ အဆောတလျင် လိုအပ်နေကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ပြောသည်။ ရခိုင်ပြည်အတွင်း လူသားချင်းစာနာက်ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နေခြင်းနှင့် ပတ်သက်ပြီး ICRC အား Western News က အီးမေးလ်ဖြင့် မေးမြန်းရာတွင် ယင်းကဲ့သို့ တုန့်ပြန် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ “လောလောဆယ် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ၅၇၀,၀၀၀ နီးပါရှိပါတယ်။ သို့သော် ထောင်ပေါင်းရာနှင့်ချီအောင် များပြားသောသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆောတလျင် လိုအပ်ဆဲရှိနေပါတယ်” ဟု ICRC မှ တာဝန်ရှိသူတစ်ဦးက

Continue Reading