ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း
စစ်ရေး သတင်း
1 min read
52

ကော်သူးလေ လက်နက်တိုက်စခန်းကို KNU သိမ်း

August 30, 2024
0

ထိုင်း-မြန်မာနယ်စပ် ကော်သူးလေ (KTLA) ၏ လက်နက်တိုက်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ခဲမခီးကျေးရွာအနီး ကော်သူးလေ၏ လက်နက်တိုက်ကို KNU တပ်မဟာ ၄ က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကော်သူးလေတပ်မှ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးက ပြောဆိုထားသည်။ ဗိုလ်စလုံးသည် ကော်သူးလေ (KTLA) ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ရာထူးအား တစ်နှစ် ယာယီရပ်ဆိုင်းခံထားရသူဖြစ်သည်။ ဗိုလ်စလုံးက “လူအင်အားမမျှလို့ KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရတယ်။ ထိခိုက်မှုကတော့မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့

Continue Reading
ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော
သတင်း
1 min read
67

ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော

August 14, 2024
0

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။ ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း ဥက္ကဌက ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ စတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း

Continue Reading
စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
99

စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော

August 6, 2024
0

ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲသစ်စရန် ပြင်ဆင်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတ တင်‌မြောက်ပြီးနောက် နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ယနေ့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” KNU တပ်မဟာ ၁, ၃ နဲ့ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ ” ဟု မင်းအောင်လှိုင်က ပြောသည်။ မြန်မာစစ်တပ် (စစ်ကောင်စီ) အား တိုက်ခိုက်ရန်လည်း PDF များကို လက်နက်တပ်ဆင်ပေးခြင်းနှင့်

Continue Reading
KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်
ကျန်းမာရေး သတင်း
1 min read
229

KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်

July 24, 2024
0

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း လက်ရှိအကြံပေးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကင်ဆာရောဂါဝေဒနာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ KNU ခေါင်းဆောင်ဟောင်း ပဒိုနော်စီဖိုးရာစိန်မှာ ကွယ်လွန်ချိန် အသက် ၆၉ နှစ်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။ ပဒိုနော်စီဖိုးရာစိန်သည် KNU ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးထဲမှ ၄ ဦးမြောက် သမီးဖြစ်ပြီး ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ KNU ၏ ၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရသလို ၁၅ ကြိမ်မြောက်

Continue Reading