တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ
မှုခင်း သတင်း
1 min read
0

တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ

မတ် ၁၈ - ၂၀၂၅
0

ရခိုင်ပြည် တောင်ကုတ်ဒေသခံ ပြင်ဦးလွင်မြို့တွင်နေထိုင်သော ကိုနေစိုး (ခေါ်) သူရိယစိုး ကို CRPH, NUG နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်းတွင် စစ်ကောင်စီက ဖော်ပြထားသည်။ CRPH, NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် ဝါဒဖြန့်လှုံ့ဆော် ရေးသားသည်ဟု ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ကိုနေစိုးအား ဖမ်းဆီးသွားသည်။ မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့ယ် ရေချမ်းအိုးကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုနေစိုး အား

Continue Reading
အင်အားထောင်သောင်းချီဖြင့် ထိုးစစ်ဆင်ပြီး အာဏာသိမ်းမှု အဆုံးသတ်မည်ဟု NUG ပြော
စစ်ရေး သတင်း
1 min read
0

အင်အားထောင်သောင်းချီဖြင့် ထိုးစစ်ဆင်ပြီး အာဏာသိမ်းမှု အဆုံးသတ်မည်ဟု NUG ပြော

မတ် ၁၃ - ၂၀၂၅
0

နိုင်ငံအနှံ့တွင် အင်အား ထောင်သောင်းချီ အသုံးပြုပြီး စစ်ကောင်စီ၏ အာဏာသိမ်းမှုအား အဆုံးသတ်ရန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့ ပေးပို့သောသဝဏ်လွှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံများ ရယူခဲ့ပြီးသဖြင့် PDF၊ ပကဖနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ အားလုံးလက်တွဲကာ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စစ်ဆင်နွှဲ၍ စစ်အာဏာသိမ်းမှု အဆုံးသတ်ကြရမည်ဟု ဦးရည်မွန်က ပြောသည်။ “တော်လှန်ရေး အစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့်

Continue Reading
စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA နှင့်အတူ တိုက်ခိုက်သွားမည်ဟု NUG ပြော
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA နှင့်အတူ တိုက်ခိုက်သွားမည်ဟု NUG ပြော

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) အမြစ်ပြတ်ရေးအတွက် တအောင်းတပ် TNLA နှင့်အတူ တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ၆၂ နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တအာင်းပြည်သူ များအပါအဝင် တနိုင်ငံလုံးရှိ ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ညီညွတ်မှုကို တည်ဆောက်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယနေ့ အချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့် အတွက်

Continue Reading
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်စစ်ရှောင်ပြည်သူများကို ငွေကျပ် ၁၂၄ သန်းကျော် ထောက်ပံ့ပေး
ဒုက္ခသည်အရေး သတင်း
1 min read
0

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်စစ်ရှောင်ပြည်သူများကို ငွေကျပ် ၁၂၄ သန်းကျော် ထောက်ပံ့ပေး

ဇန်နဝါရီ ၇ - ၂၀၂၅
0

ရခိုင်ပြည်အတွင်းက စစ်ရှောင်ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကျပ် ၁၂၄.၃ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း NUG က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အမှန်တကယ်လိုအပ်နေသော ပြည်သူများအား NUG က ငွေကျပ်ပေါင်း ၇.၇ ဘီလီယံကို ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်စစ်ရှောင်ပြည်သူအတွက် ၁၂၄ သန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ မှ ဒီဇင်ဘာလ ၃၁ အထိ (တစ်နှစ်တာအတွင်း) တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။ NUG သည် ရခိုင်

Continue Reading
စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် မရှိကြောင်း NUG နှင့် NUCC တို့ကြေညာ
နိုင်ငံရေး သတင်း
1 min read
0

စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် မရှိကြောင်း NUG နှင့် NUCC တို့ကြေညာ

ဒီဇင်ဘာ ၂၅ - ၂၀၂၄
0

ဒီမိုကရေစီအစိုးရဖြုတ်ချပြီး မတရားအာဏာသိမ်းယူထားသည့် မြန်မာစစ်တပ် (စစ်ကောင်စီ) စစ်အုပ်စုအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ကျင်းပပိုင်ခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကြသည်။ စစ်ကောင်စီ စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ NUG နှင့် NUCC တို့ ပူးပေါင်းအဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီ က ဒီဇင်ဘာလ၂၄ ရက် ညမှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအပြင် ပြင်ပအင်အားစုတခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ခြယ်လှယ်အဆုံးအဖြတ်ပေးခြင်းကို လက်ခံမှာ မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာရေးသားထားသည်။ ပြည်သူလူထုကို လက်နက်ဖြင့်

Continue Reading
ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၄၈၀ ခန့် NUG တပ်အလင်းဝင်
စစ်ရေး သတင်း
1 min read
0

ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၄၈၀ ခန့် NUG တပ်အလင်းဝင်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူးအဆင့်မှ အရာရှိအဆင့်ဆင့်၊ အောက်ဆုံးတပ်သားအထိ ၄၇၅ ဦး ယခုနှစ်အတွင်း အလင်းဝင်လာကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ၄၇၅ ဦးမှာ ယခုနှစ် အစောကပိုင်းကစ၍ နိုဝင်ဘာလအတွင်းအထိ ဝင်လာကြသော စာရင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ယနေ့ ဒီဇင်ဘာလ ၁၀ ရက် ပြောကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှု နည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင်နိုင်ရေးရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ဆိုသည်။ အဆိုပါ ကော်မတီက စစ်ကောင်စီ၏ စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံကူညီပေးလျက်ရှိကြောင်း

Continue Reading
အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည် ပြန်ကြရန် NUG သမ္မတပြော
နိုင်ငံရေး သတင်း
1 min read
0

အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည် ပြန်ကြရန် NUG သမ္မတပြော

နိုဝင်ဘာ ၂၇ - ၂၀၂၄
0

အဝေးရောက်အစိုးရ မဖြစ်စေရန် ပြည်ပရောက်ရှိနေကြသော NUG အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည်ထဲသို့ ပြန်သွားကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစိုးရအဖွဲ့ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ယာယီသမ္မတ ဒူဝါလရှီးလက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်” ဟု ပြောသည်။

Continue Reading
သိမ်းပိုက်ထားသော ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်
ဓါတ်ပုံသတင်း မှုခင်း သတင်း
1 min read
0

သိမ်းပိုက်ထားသော ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်

အောက်တိုဘာ ၁၅ - ၂၀၂၄
0

အောက်တိုဘာ ၈ ရက်နေ့တွင် သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အောက်တိုဘာလ ၁၀ ရက်နေ့က သွားရောက်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ဦးရည်မွန်တွေ့ဆုံခဲ့ပြီး ရဲဘော်များအား အားပေးစကားပြောကြားခဲ့ကြောင်းနှင့် ပင်လည်ဘူးမြို့အား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချ အညံ့ခံတပ်သား စစ်သုံ့ပန်းများကိုလည်း တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ မှားကြားခဲ့ကြောင်း သိရသည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် NUG က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ

Continue Reading
ပင်လည်ဘူးမြို့ကို NUG သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ပင်လည်ဘူးမြို့ကို NUG သိမ်းပိုက်

အောက်တိုဘာ ၁၂ - ၂၀၂၄
0

(လက်နက်စုံ ၄၀၀ ကျော်နှင့် စစ်သုံ့ပန်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့) စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် သိမ်းပိုက်ကာ တိုက်ပွဲမှာ ၅၄ ရက်ကြာမြင့်ခဲ့သည်။ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီ၏ ယခင် အခြေချနေသော အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊

Continue Reading
MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ
စစ်ရေး သတင်း
1 min read
82

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲမည်ဟုဆို) ကိုးကန့်တပ် MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ယမန်နေ့က ထွက်ပေါ်လာသည်။ မန္တလေးနှင့် တောင်ကြီးမြို့ကို NUG နှင့် ပူးပေါင်းကာ စစ်မြေပြင်များတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။ သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်ကိုင်စွဲထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ဖြေရှင်းခြင်းများကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု MNDAA က ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို

Continue Reading