AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။