စစ်ရေး သတင်း
1 min read
32

မန္တလေး PDF ၏ စစ်ဘေးအလှူ

September 19, 2024
0

(သတင်းတို) ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ် ၅၀၀ နှင့် ငွေသား ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင်ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။ ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ထုတ်ပြန်ထားသည်။

Continue Reading
နမခ တိုင်းစစ်ဌာနချုပ်ကို PDF များ တိုက်ခိုက်
စစ်ရေး သတင်း
1 min read
45

နမခ တိုင်းစစ်ဌာနချုပ်ကို PDF များ တိုက်ခိုက်

September 16, 2024
0

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်သည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ဒေသခံကာကွယ်ရေးတပ်နှင့် PDF တပ်များက စက်တင်ဘာလ ၁၁ ရက်ညက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နမခ တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ အပါအဝင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟုလည်း ပါဝင်တိုက်ခိုက်ခဲ့သည့် Chindwin Rocket Brothers -C.R.B က ဆိုသည်။ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်များဖြစ်သည့် Chindwin Rocket Brothers -C.R.B)၊ယင်းမာပင်ခရိုင်တပ်ရင်း (၁)၊ ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers နှင့် မုံရွာမြို့နယ် တိုက်နယ်(၅) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စစ်တိုင်းရုံးဝန်းအတွင်းက

Continue Reading
စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
59

စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ

August 21, 2024
0

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို PDF ပူးပေါင်းတပ်မှ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပစ်ခတ်ပြီး ညနေပိုင်းတွင် စစ်ကူအင်အား များစွာပေးပို့သည်။ စစ်ကောင်စီပေးပို့သော စစ်ကူအင်အားများနှင့် PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနောက် ယမန်နေ့ ည ၇ နာရီနောက်ပိုင်းကစ၍ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဒီပဲယင်းမြို့က ပြန်လည်ဆုတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို PDF များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောက်လျှောက် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ချထားပေးခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက

Continue Reading
စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
142

စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်

July 21, 2024
0

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဟု သိရသည်။ စဉ့်ကူးမြို့သည် မန္တလေး PDF ၏ ပထမဦးဆုံးသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့ကို မန္တလေး PDF က မဟာမိတ်တပ်များဖြင့် ပူးပေါင်းတိုက်ယူခဲ့ပြီး ပထမဆုံး သိမ်းယူခဲ့သော မြို့အဖြစ် သမိုင်းမှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ စဉ့်ကူးမြို့သည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသော မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကနေ တစ်နာရီခွဲခန့် သွားရသော သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရန် မန္တလေး PDF က ဆက်လက်ထိုးစစ်ဆင်

Continue Reading
စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်
စစ်ရေး သတင်း
1 min read
141

စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

July 9, 2024
0

(ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အရှင် ဖမ်းဆီးရမိ) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအများအပြား အပြင် ဒုတိယတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်နှင့် ၁၄ ဦးကို အရှင်းဖမ်းဆီးရမိကြောင်း သိရသည်။ မန္တလေးတိုင်း စစ်ရေးအခြေအနေကို မန္တလေး PDF က ယနေ့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF မှာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီ၏ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပလယ်ကြီးတပ်စခန်း စသဖြင့်

Continue Reading