PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က လွတ်မြောက်ဒေသ တစ်နေရာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA နှင့်အတူ တိုက်ခိုက်သွားမည်ဟု NUG ပြော
အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) အမြစ်ပြတ်ရေးအတွက် တအောင်းတပ် TNLA နှင့်အတူ တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ၆၂ နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တအာင်းပြည်သူ များအပါအဝင် တနိုင်ငံလုံးရှိ ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ညီညွတ်မှုကို တည်ဆောက်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ ယနေ့ အချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့် အတွက်