လူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း
စစ်ရေး သတင်း
1 min read
41

လူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း

September 4, 2024
0

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်ဖွဲ့က အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အခမ်းအနားတွင် စစ်ကြောင်းလိုက်ချီတက်အလေးပြုခြင်း၊ ဂုဏ်ပြုမိန့်ခွန်းဖတ်ကြားခြင်းနှင့် ထူးချွန်စစ်သည်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်များပါဝင်ခဲ့သည်။ ယခု အပတ်စဉ် (၆) သင်တန်းသည် ရာသီဥတုဆိုးဝါးခြင်း၊ ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း စသည့် အခက်အခဲများဖြင့် စီစဉ်ခဲ့ရသည့် သင်တန်းလည်းဖြစ်သည်ဟု PRA က ဆိုသည်။ သင်တန်းဆင်းရဲဘော်များသည် မကြာမီအချိန်အတွင်း PRA-Magway ၏ ဌာနအသီးသီးတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ပြီး PRA-Magway သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို အစဉ်ဦးထိပ်ထားလျှက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုဖြစ်သည်။

Continue Reading
အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား
သတင်း
1 min read
322

အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား

April 4, 2024
0

ရခိုင်ပြည် အမ်းမြို့နယ်တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော အာဏာသိမ်း စစ်ကောင်စီတပ်သား ၆ ဦးကို မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်တပ် PRA မှ ဖမ်းဆီးရမိထားကြောင်း ယနေ့တွင် ထုတ်ပြန်ပြောသည်။ ယနေ့ မတ်လ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ တတက (၉) မှ ထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဧပြီလ ၁ ရက်နေ့က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ၄ ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း PRA က ဆိုသည်။ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား ၆

Continue Reading