အာဆာ ခေါင်းဆောင်များကို ဖမ်းသလို RSO နှင့် ARA ခေါင်းဆောင်များကိုလည်း ဖမ်းဆီးရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးပါတီ ALD ပြော
စစ်ရေး မှုခင်း သတင်း
1 min read
0

အာဆာ ခေါင်းဆောင်များကို ဖမ်းသလို RSO နှင့် ARA ခေါင်းဆောင်များကိုလည်း ဖမ်းဆီးရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးပါတီ ALD ပြော

မတ် ၂၀ - ၂၀၂၅
1

ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွင် အခြေပြုလှုပ်ရှားသော အာဆာ ARSA ခေါင်းဆောင်များကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ကျန်အဖွဲ့များကိုလည်း ဖမ်းဆီးရန် လိုကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောသည်။ နယ်စပ်ဒေသတွင် ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် တရားမဝင် နယ်ဖြတ်ကျော် ဝင်ရောက်မှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အာဆာ ခေါင်းဆောင် ၆ ဦးအပါအဝင် မိသားစုဝင် စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အာဆာ အဖွဲ့သည် ဘာသာရေးကို အသုံးချပြီး မွတ်ဆလင်လူငယ်များကို စည်းရုံးကာ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်ဒေသတို့တွင် မွတ်ဆလင်များအား ညှမ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ အခြားသော မျိုးနွယ်စုများကိုလည်း ပြန်ပေးဆွဲ သတ်ဖြတ်ခြင်းပြုလုပ်နေသည်။ ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း စသည့် အကြမ်းဖက်မှုများအား

Continue Reading
AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ

မတ် ၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

Continue Reading
AA ကို တိုက်ခိုက်ရန် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်း
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်ရန် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်း

ဇန်နဝါရီ ၂၃ - ၂၀၂၅
0

ရခိုင်ပြည်ကို ထိန်းချုပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းထားကြောင်း သိရသည်။ AA ထိန်းချုပ်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရယူနိုင်ရေးအတွက် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့သည် Four Brothers Alliance (All Rohingya Army) ဖွဲ့စည်းထားသည်ဟု ၎င်း၏ ထုတ်ပြန်ရေးစာမျက်နှာများမှ ကြေညာထားကြသည်။ စုပေါင်းထားသော မွတ်ဆလင်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ Rohingya Solidarity Organisation (RSO), Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA)

Continue Reading