ကာကွယ်ဆေး ဘယ်ဆီမှာ
ဆောင်းပါး
1 min read
0

ကာကွယ်ဆေး ဘယ်ဆီမှာ

မတ် ၂၇ - ၂၀၂၅
0

စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ယနေ့ ရခိုင်ပြည်တွင် စီးပွားရေးပြိုလဲခြင်း၊ ကုန်သွယ်မှုများ ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာစသည့် ကဏ္ဍပေါင်းစုံကို ခံစားနေရသည်။ ရခိုင်လူထုသည် တိုက်ပွဲ အနေအခြေများသာ အာရုံစိုက်နေကြပြီး တစ်ပြည်လုံး နီးပါးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မခံရမှုများကို လျစ်လျူရှုသလို ပုံစံမျိုးဖြင့် သတိမရကြပေ။ ■ ကျန်းမာရေး ရိုက်ခတ်မှု ရခိုင် စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးမရှောင်ရသည့် ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် တို့၏ အသက်ဆုံးရှုံးမှု ကိန်းကဏန်းများသည်လည်း သတိထားရမည့် အနေအထားဖြစ်နေသည်။ “အခုသမီးလေးမှာ ယားနာတွေဖြစ်နေတာကြာပြီ။ မပျောက်နိုင်သေးဘူး။ တစ်ခါတစ်လေ ဖျားနာတာရှိတော့ ပိုပြီး စိတ်ပူရတယ်။ ကာကွယ်ဆေးမထိုးရလို့ ကလေး တစ်ခုခုဖြစ်မှာကို

Continue Reading
ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ
ဆောင်းပါး
1 min read
121

ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ

ဩဂုတ် ၃၁ - ၂၀၂၄
0

စစ်ပွဲတစ်ခုတွင် ပထဆုံး အမှန်တရားကျဆုံးတတ်သည်။ ယင်းဒဏ်ကို ပြည်သူများ ခံစားရပြီး ဒုက္ခရောက်ရဆုံးမှာ အမျိုးသမီးနှင့်၊ ကလေးသူငယ်များဟု ဆိုရလိမ့်မည်။ ကျောက်တော်- ပုဏ္ဏားကျွန်း အဝေးပြေး လမ်းမဘေးတွင် တာပေါ်လင်စ၊ ဓနိမိုး စသည်ဖြင့် အမိုးအကာ မလုံခြုံ သည့် ယာယီတဲအိမ် ရာနှင့်ချီ ရှိနေသည်။ ယင်းအထဲတွင် ဒေါ်သန်းသန်းနု တဲငယ်လည်းပါဝင်သည်။ “မိုးများတော့ နေရာထိုင်ခင်းလုံးဝ အဆင်မပြေဘူး။ မိုးရေ စိုစိုနဲ့ မအိပ်နိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေရတယ်။ စား သောက်ရေးကလည်း အရမ်းကျပ်တည်းလာတယ်။ ထမင်းလျှော့စားရတဲ့ နေ့တွေတောင်ရှိတော့။ ကလေးတွေကို ပိုသနားမိတယ် ” ဟု အသက် ၃၈ နှစ်အရွယ် ဒေါ်သန်းသန်းနုက Western News ကို ပြောပြသည်။

Continue Reading
တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု
ဆောင်းပါး သုံးသပ်ချက်
1 min read
389

တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု

ဇူလိုင် ၄ - ၂၀၂၄
1

ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်‌ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်‌တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေးတိုက်ပွဲများပင်ဖြစ်သည်။ လက်ရှိတွင် တော်လှန်‌ရေးအားဦးဆောင်နေသည့် အာရက္ခတပ်တော် AA မှာ တချို့တစ်ဝက်သော စစ်ရေးအောင်မြင်မှုများကို ရရှိထားပြီးဖြစ်သည်။ အဆိုပါ စစ်ရေးအောင်မြင်မှုများနှင့်အတူ ပူးတွဲရရှိလာသည့် ရလဒ်များလည်းရှိနေပြီး အဆိုပါရလဒ်များကို ပြည်သူများအနေဖြင့် ခံစားကြရသည်များလည်းရှိကာ ခံစားခွင့်မရကြသည်များလည်း ရှိနေသည်။ တော်လှန်ရေးတစ်‌ရပ် အောင်မြင်နိုင်‌ရေးမှာလည်း ဒေသနေလူထု၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် ခံနိုင်ရည်ရှိမှုတို့မှာ အဓိကကျသည့် အချက်ထဲတွင် ပါဝင်နေသည်။ ယင်းအပြင် လုပ်ပိုင်ခွင့်ရှိသူများ၏ ပြည်သူအပေါ် စိတ်စေတနာထားရှိမှု အတိုင်းတာမှာလည်း အရေးပါသည်။ အဆိုပါအခြေနေအရပ်ရပ်တို့မှာ တော်လှန်‌ရေးဆင်နွှဲလျှက်ရှိနေသည့် ရခိုင်‌ဒေသတွင်

Continue Reading