မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်
စစ်ရေး သတင်း
1 min read
72

မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်

September 19, 2024
0

(သတင်းတို) ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း Myanmar Witness က အစီရင်ခံစာသစ်တစ်စောင် ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မတောကျေးရွာက မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများနှင့် ဒီမိုကရေစီအင်အားစုများက ပြောဆိုခဲ့ပြီး စစ်ကောင်စီက ငြင်းဆိုထားသော်လည်း Myanmar Witness က စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။ ဗုံးကြဲခံရဖြစ်စဉ် ဖြစ်ဖြစ်ချင်းနှင့် ရက်ပိုင်းအတွင်းက သတင်းမီဒီယာများတွင် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြသော်လည်း

Continue Reading
စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ
စစ်ရေး သတင်း
1 min read
72

စစ်ကိုင်းတိုင်းမှာ အရပ်သားသေဆုံးသူ လစဉ် ၇၁ ဦးနှုန်းရှိနေ

August 28, 2024
0

၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသတွင် အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၇၁ ဦးနှုန်းရှိကြောင်းနှင့် အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၆၆ ဦးနှုန်းဖြင့် ရှိနေကြောင်း Data for Myanmar ၏ ဇူလိုင်လအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြည်တွင်းမီဒီယာအချို့နှင့် ရင်းမြစ်များမှ ကောက်ယူထားသော အချက်အလက်များကို အခြေခံ၍ Data for Myanmar က တွက်ချက်ထားခြင်းဖြစ်သည်။ ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ ၄၉၉ ဦးရှိခဲ့ပြီး ဒဏ်ရာရ အရပ်သား ၄၆၄ ဦးရှိခဲ့ကြောင်း အစီရင်ခံစာအရ

Continue Reading
စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
67

စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ

August 21, 2024
0

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို PDF ပူးပေါင်းတပ်မှ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပစ်ခတ်ပြီး ညနေပိုင်းတွင် စစ်ကူအင်အား များစွာပေးပို့သည်။ စစ်ကောင်စီပေးပို့သော စစ်ကူအင်အားများနှင့် PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနောက် ယမန်နေ့ ည ၇ နာရီနောက်ပိုင်းကစ၍ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဒီပဲယင်းမြို့က ပြန်လည်ဆုတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို PDF များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောက်လျှောက် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ချထားပေးခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက

Continue Reading