စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့ ရောက်ရှိနေ
သတင်း
1 min read
107

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့ ရောက်ရှိနေ

August 23, 2024
0

(သတင်းတို) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်က ရောက်ရှိနေပြီး မြို့တွင်းလုံခြုံရေးများ အဆမတန် ချထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။ မင်းအောင်လှိုင် ရောက်နေ၍ တောင်ငူမြို့တွင်းမြို့ပြင် Jammer များ ပတ်ပတ်လည်ချထားပြီး စစ်အင်အားကိုလည်း ရာနှင့်ချီတိုးချထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ” မင်းအောင်လှိုင်က မနက် ၁၁ နာရီလောက်က တောင်ငူရောက်တယ်။ ဩဂုတ်လ ၂၀ ရက်နေ့က တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့မှာ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနဲ့ ယာဉ်ထိန်းအိမ်ရာမှာ မိုင်းကွဲတယ်။ အဲဒါကြောင့် မအလလာတဲ့အချိန်မှာ တစ်မြို့လုံး လုံခြုံရေးတွေ

Continue Reading
တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား
စစ်ရေး သတင်း
1 min read
29

တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား

August 23, 2024
0

ရခိုင်ပြည် တောင်ကုတ်မြို့မှာရှိသည့် တောင်ကုတ်တက္ကသိုလ်မှာ အာဏာသိမ်း စစ်ကောင်စီက အမြောက်အထိုင်ချ တပ်စွဲထားပြီး အာရက္ခတပ်တော် AA အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။ ဇွန်လ နောက်ဆုံးအပတ်က တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်မှာ လက်ရှိတွင် အင်အား ၁၀၀ ကျော်အထိ တိုးမြှင့်ကာ အမြောက်များဖြင့် အခိုင်အမာအထိုင်ချ တပ်စွဲလိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။” စစ်ကောင်စီဟာ တောင်ကုတ်တက္ကသိုလ်ထဲမှာ အမြောက် ၃ ခုထက်မနည်း အထိုင်ချတပ်စွဲထားတယ်။ တက္ကသိုလ်က မြို့အဝင်မှာဆိုတော့ စစ်ကောင်စီအတွက် ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံး နေရာပဲလေ။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ မောင်းတံဂိတ်မှာလည်း ဗန်ကာတွေ အများကြီးတူးထားတယ်။

Continue Reading
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ တောင်ကုတ်မြို့ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
262

စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ တောင်ကုတ်မြို့ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး

August 23, 2024
0

Continue Reading
စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တောင်ကုတ်ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
95

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တောင်ကုတ်ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး

August 23, 2024
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေပြီး ယနေ့ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီကျော်က တိုက်ခိုက်သော ဗုံးကြောင့် မီးချောင်းထိုးကျေးရွာမှ မွေးကင်းစမိခင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရသည်။ သေဆုံးသူ အမျိုးသမီးက အသက် ၂၅ နှစ်ကျော်အရွယ် ဒေါ်ချေမဖြစ်ပြီး လသားအရွယ် ကလေး ၁ ဦးနှင့် ၅ နှစ်အောက် ကလေး ၁ ဦး ကျန်ခဲ့ကြောင်း စုံစမ်းသိရသည်။ အသက် ၅၀ အရွယ် တောင်ကုတ်ဒေသခံတစ်ဦးက ” ဒေါ်အချေမက နေရာ၌ သေဆုံးသွားတာ၊ သူ့မှာ ၁ လသား ကလေး တစ်ယောက်နဲ့

Continue Reading
နယ်မြေစိုးမိုးမှုမရှိတော့၍ စစ်ကောင်စီ ဗိုလ်လောင်းစာမေးပွဲ သတ်မှတ်နေရာ ရခိုင်နှင့် ရှမ်းမြောက် ပါဝင်ခြင်းမရှိ
စစ်ရေး သတင်း
1 min read
97

နယ်မြေစိုးမိုးမှုမရှိတော့၍ စစ်ကောင်စီ ဗိုလ်လောင်းစာမေးပွဲ သတ်မှတ်နေရာ ရခိုင်နှင့် ရှမ်းမြောက် ပါဝင်ခြင်းမရှိ

August 23, 2024
0

အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲစစ်ဆေးမည့် သတ်မှတ်နေရာများတွင် ရခိုင်ဒေသနှင့် ရှမ်းမြောက်ဒေသ ပါဝင်ခြင်းမရှိသည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီသည် စစ်တက္ကသိုလ်၏ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ နေရာနှင့် အချိန်ကို ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဗိုလ်လောင်းလျှောက်လွှာကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခေါ်ယူထားပြီး ဩဂုတ်လ ၃၀ ရက်တွင် ဖြေဆိုရမည်ဟု ဆိုသည်။ မြို့ကြီး ၁၂ မြို့ရှိ တိုင်းစစ်ဌာနချုပ်များနှင့် စစ်ကြောရေးဌာနများတွင် ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကို စစ်ဆေးသွားမည်ဟု ကြေညာထားသော်လည်း ရခိုင်နှင့် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မရှိတော့၍

Continue Reading
စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ
နိုင်ငံရေး သတင်း
1 min read
79

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ

August 23, 2024
0

အာဏာသိမ်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်သော နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံနွေးနေကြောင်း သိရသည်။ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ယနေ့အထိ တွေ့ဆုံနွေးနေကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်မှ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးမောင်က ဦးဆောင်ကြောင်း သိရသည်။ စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ နှစ်ဘက်ဆွေးနွေးလိုသည့် အချက်များ ဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်ပုံထဲက ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များကို ဆက်လက်ဆွေးနွေးနေကြောင်း

Continue Reading
မင်းအောင်လှိုင် လက်ထက် မြန်မာ့စီးပွားရေး ၅၀ ရာခိုင်နှုန်းအောက် ထိုးကျဟု ဒေါ်စုအကြံပေး ဒေါက်တာ ရှောင်တာနယ်ပြော
စီးပွားရေး သတင်း
0 min read
70

မင်းအောင်လှိုင် လက်ထက် မြန်မာ့စီးပွားရေး ၅၀ ရာခိုင်နှုန်းအောက် ထိုးကျဟု ဒေါ်စုအကြံပေး ဒေါက်တာ ရှောင်တာနယ်ပြော

August 23, 2024
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖြစ်သင့်သည်ထက် ၅၀ ရာခိုင်နှုန်း အောက်ထိုးကျသွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ၈၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တာနယ်က ပြောဆိုလိုက်သည်။ ဩဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့သည့် “မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ ” စကား၀ိုင်းအစီအစဉ်တွင် ဒေါက်တာရှောင်တာနယ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “စစ်အာဏာရှင် မင်းအောင်လှိုင် လက်အောက်မှာ စီးပွားရေးက ဖြစ်သင့်တာထက် ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားပြီးတော့ မြန်မာကျပ်ငွေတန်ဖိုးကတော့ ၈၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိကျဆင်းသွားပါတယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့စီးပွားရေးကို စစ်ပွဲ စီးပွားရေး အဖြစ် လျော့ကျစေခဲ့ပါတယ်”

Continue Reading
မောင်တောက ပြည်သူ ၅ ဦးကို မြို့စောင့်တပ်ထဲမှာ ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
73

မောင်တောက ပြည်သူ ၅ ဦးကို မြို့စောင့်တပ်ထဲမှာ ဖမ်းဆီးထား

August 23, 2024
0

(မိသားစုဝင်များက ပြန်လွှတ်ပေးရန်တောင်းဆို) ရခိုင်ပြည် မောင်တောမြို့ခံ အပြစ်မဲ့အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားပြီး မောင်တောမြို့စောင့်တပ် နခခ ၅ တပ်ရင်းထဲတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ပြောသည်။ ယခုနှစ် မေလ ၁၀ ရက် နံနက် ၆ နာရီမှာ မောင်တောမြို့ မြို့မမြောက်ရပ်ကွက် (ဝိမလ) က အပြစ်မဲ့ အရပ်သား အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ပါသော ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ ကိုအောင်ကိုမြတ် (အသက် ၃၂ နှစ်)၊ ကိုဇော်နိုင်ဦး (အသက် ၃၄ နှစ်)၊ ကိုနိုင်နိုင်ဇော် (အသက် ၃၂ နှစ်)၊

Continue Reading
နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား
စစ်ရေး သတင်း
1 min read
53

နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား

August 23, 2024
0

Western News| ဩဂုတ် ၂၁(သတင်းတို) ရှမ်းပြည် မြောက်ပိုင်းက နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး တအောင်းတပ် TNLA ကို ပြန်လည်တိုက်ခိုက်နေ၍ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်၂၁ ရက် TNLA ၏ ထုတ်ပြန်ချက်တွင် နံနက် ၉ နာရီ ၅ မိနစ်ကစပြီး စစ်ကောင်စီတပ် ၉၀၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ နောင်ချိုမြို့သည် တအောင်းတပ် TNLA ထိန်းချုပ်ထားသော မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ရရှိရေး အင်အားအလုံးအရင်း ဖြည့်တင်းကာ

Continue Reading
ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
101

ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း

August 23, 2024
2

(ဓါတ်ပုံသတင်း) ပအိုဝ်းအမျိုးသားတပ်မတော် PNA/PNO နှင့် နောင်တရားမြို့ ဒေသခံပြည်သူများ ပူးပေါင်းပြီး အမှတ်စဉ် (၁) စစ်သင်တန်းပြုလုပ်ကာ စစ်အင်အား ၁ သောင်းဖြင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNA က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အပါအဝင် နောင်တရားမြို့က ဒေသခံပြည်သူများမှာ အမှတ်စဉ် (၁) စစ်အင်အား တစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ စန္တာႏခမ်း စစ်ဒေသမှူးများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြောင်း သိရသည်။

Continue Reading