အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော
စစ်ရေး သတင်း
1 min read
98

အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော

August 22, 2024
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိမိတို့၏သတ်မှတ်လစာအား မရရှိကြသည်မှာ ၂ လအထိ ရှိနေပြီဟု စစ်တပ်အသိုင်းဝန်းထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက်သည့်အကြောင်းပြချက်ပေးနေကြောင်း စစ်တပ်အသိုင်းဝန်းမှ အမ်းမှာတာဝန်ကျ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “လစာမရတာ ၂ လရှိပြီ။ ငွေပို့ဖို့ လမ်းကြောင်းတွေ အဆင်မပြေတာကြောင့်လို့တော့ သိရတယ်။ တခြားတော့လည်း မသိဘူး။ ရတော့ရမယ်ပေါ့။ အဲ့လိုမျိုးပဲ” ဟု ပြောသည်။ လစာမရကြသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမ်းမြို့ဒေသခံပြည်သူများအား စစ်ဆေးရေးတင်းကျပ်မှု ပိုလုပ်ကာ ငွေတောင်းခံနေသည်ဟု အသက် ၂၈ နှစ်အရွယ် အမ်းဒေသခံ အမျိုးသမီးတစ်ဦးက

Continue Reading
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
စီးပွားရေး သတင်း
1 min read
161

ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို

August 22, 2024
0

ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု

Continue Reading
သိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်
စစ်ရေး
1 min read
67

သိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်

August 21, 2024
0

အာဏာသိမ်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းယူထားသော စခန်းများ၊ မြို့များ ပြန်မပေးရရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများအတွင်း ဆွေးနွေးနေကြကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက် နံနက်က NUG အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သိမ်းထားစခန်းများ၊ မြို့များကို ဆက်လက်ထိန်းသိမ်းရေး စနစ်တကျပြင်ဆင်ကြရန် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ “စစ်ရေးအရ အောင်မြင်မှုတွေဖြစ်တဲ့ စခန်းတွေသိမ်းနိုင်၊ မြို့တွေ သိမ်းနိုင်ပြီးတဲ့ နောက်မှာ ဆက်လက် ထိန်းထားဖို့နဲ့ အုပ်ချုပ်‌ရေး ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကိစ္စရပ်တွေအတွက် စနစ်တကျ ပြင်ဆင်ကြဖို့ လိုအပ်သလို ရှေ့မြို့တွေမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို လည်း ကောင်းမွန်တဲ့ သင်ခန်းစာတွေအဖြစ် ပြန်လည်အသုံးချနိုင်ဖို့လည်း အရေးကြီးကြောင်း မှာကြားလိုပါတယ်။”

Continue Reading
VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို
သတင်း
1 min read
82

VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

August 21, 2024
0

ပြည်သူများ လူမှုကွန်ရက် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသော VPN ဆော့ဝဲလ်ကို စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီထံ စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြသည်။ မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြထားကြောင်း ကုန်သည်နှင့်စက်မှု အသင်းချုပ် UMFCCI မှ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်၊ တယ်လီဂရမ်၊ ဆင်ဂနယ် စသော လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုခွင့်ပိတ်ပင်ထားပြီး အသုံးပြုသူများက VPN ဆော့ဝဲလ်များခံကာ ကျော်လွှားအသုံးပြုနေရသည်။ ဆက်လက်ပြီး စစ်ကောင်စီက VPN

Continue Reading
လားရှိုးမှာ စစ်သားစုဆောင်းခြင်း လုံးဝမလုပ်ဟု MNDAA ကတိပြုပြောကြား
စစ်ရေး သတင်း
1 min read
64

လားရှိုးမှာ စစ်သားစုဆောင်းခြင်း လုံးဝမလုပ်ဟု MNDAA ကတိပြုပြောကြား

August 21, 2024
0

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် လူငယ် အမျိုးသား၊ အမျိုးသမီးများကို စစ်သားစုဆောင်းခြင်းနှင့် စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ဟု ကိုးကန့်တပ် MNDAA က ကတိပေးပြောသည်။ ဩဂုတ်လ ၁၈ ရက်နေ့က အရပ်ကွက် ၃ နှင့် ၄ တို့တွင် ပြည်သူလူထုများနှင့်တွေ့ဆုံစဉ် ကိုးကန့်တပ် MNDAA တာဝန်ရှိသူအချို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ အကြီးအကဲ/ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်း ရေးမှူး Mr. Li Xinhai က ယခုလို ပြောသည်။ “လားရှိုးမှာ စစ်မှုမထမ်းမနေရ လူငယ်တွေကို စစ်သား စုဆောင်းတာ လုံးဝမရှိပါဘူး။ မဟာ မိတ်တပ်သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်နေပြီး

Continue Reading
နောက်ဆုံးလက်ကျန် ခမရ ၄၃၇ ကို သိမ်းပြီးနောက် မိုးမောက်မြို့ကို KIA ထိန်းချုပ်
စစ်ရေး သတင်း
1 min read
66

နောက်ဆုံးလက်ကျန် ခမရ ၄၃၇ ကို သိမ်းပြီးနောက် မိုးမောက်မြို့ကို KIA ထိန်းချုပ်

August 21, 2024
0

ကချင်ပြည်နယ် မိုးမောက်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို ယနေ့ သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ် KIA က ထိန်းချုပ်လိုက်ပြီဟု သိရသည်။ ခမရ ၃၄၇ တပ်ရင်းကို ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင် သိမ်းပိုက်လိုက်ပြီး မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ ကင်းစင်သွားပြီဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “မိုးမောက် ခမရ ၄၃၇ တပ်ကို ရပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ မိုးမောက်မြို့အနီးရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ

Continue Reading
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး သတင်း
1 min read
89

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

August 21, 2024
0

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများက ပြောသည်။ အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် ကျေးရွာအတွင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ကပင်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ ကျော်အရွယ် နှစ်ဦးနှင့် အသက် ၂၀ ကျော်တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။ အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဥ်အား မိသားစုနှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။ “ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ အဲ့မှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို့

Continue Reading
စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
60

စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ

August 21, 2024
0

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို PDF ပူးပေါင်းတပ်မှ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပစ်ခတ်ပြီး ညနေပိုင်းတွင် စစ်ကူအင်အား များစွာပေးပို့သည်။ စစ်ကောင်စီပေးပို့သော စစ်ကူအင်အားများနှင့် PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနောက် ယမန်နေ့ ည ၇ နာရီနောက်ပိုင်းကစ၍ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဒီပဲယင်းမြို့က ပြန်လည်ဆုတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို PDF များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောက်လျှောက် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ချထားပေးခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက

Continue Reading
မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား
စစ်ရေး သတင်း
1 min read
54

မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား

August 21, 2024
0

(မြန်မာ မြောက်ပိုင်းနှင့် ရခိုင်ဒေသက အောင်ပွဲများကို MSFC က ဂုဏ်ပြု) မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကြေညာလိုက်သည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အားထုတ်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ ထို့ပြင် အခြားသော တော်လှန်ရေးအစုအဖွဲ့များ၊ စိတ်တူပန်းတိုင်တူ အဖွဲ့အစည်းများနှင့် လက်ရှိ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို

Continue Reading
ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး နိုင်ငံရေး ဗီဒီယိုသတင်း သတင်း
1 min read
161

ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

August 20, 2024
0

Continue Reading