အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
သတင်း
1 min read
727

အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်

April 2, 2024
1

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။  အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။  တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA

Continue Reading
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
သတင်း
1 min read
803

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

April 2, 2024
0

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။  အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။  အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။

Continue Reading
ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့
ဗီဒီယိုသတင်း မှတ်တမ်းမှတ်ရာ
1 min read
807

ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့

April 2, 2024
0

ရခိုင်ပြည် ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော် AA က မတ်လ ၁၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။ ထိုမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစုဝင်များမှာ အလံဖြူထောင်၍ လက်နက်ချအညံ့ခံခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။

Continue Reading